Sunday, February 3, 2013

လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ခန့်က မာယာလူမျိုးစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တရားခံတစ်ဦးဖြစ်သူ ဂွာတီမာလာနိုင်ငံရဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ကို တရားစွဲဆိုလိုက်ပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ခန့်က မာယာလူမျိုးစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တရားခံတစ်ဦးဖြစ်သူ ဂွာတီမာလာနိုင်ငံရဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ကို တရားစွဲဆိုလိုက်ပါပြီ။

ဂွာတီမာလာနိုင်ငံ တရားရုံးတော်က ၁၉၈၂-၈၃ ခုနှစ်များအတွင်း မာယာလူမျိုးစု ၁၇၅၀ ကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့မှုနဲ့ပက်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ ကို တရားရင်ဆိုင်ရန် ရုံးတော်မှ ၂၀၁၃ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ဆင့်ခေါ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြိးဟောင်း တစ်ဦးလည်း ဖြစ်တဲ့ `အစ်ဖရိုင်း ရီရော့ မော့တ်´ ဟာ ခုချိန်မှာ အသက် ၈၆ နှစ်အရွယ် ရှိနေပါပြီ။

ထူးခြားတာက ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် အမှုဖွင့်သူဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံး မဟုတ်ဘဲ ပြည်တွင်းတရားရုံးတော် ဖြစ်နေတာပါ။ ဂွာတီမာလာမြို့တော်တရားရုံးက တရားစွဲဆိုတဲ့ သတင်း ထုတ်ပြန်လိုက်ပြီးတဲ့နောက် မာယာလူမျိုးတွေဟာ လမ်းမတွေပေါ်ထွက်ပြီး ပျော်ရွင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။

ဗဟိုတောင်အမေရိကတိုက်ရှိ နိုင်ငံတစ်ခုဖြစ်တဲ့ ဂွာတီမာလာနိုင်ငံဟာ ၃၆ နှစ်ကြာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာမှ အဆုံးသတ်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေဟာ UN ရဲ့ ခန့်မှန်းချက်အရ  နှစ်သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ရက်အင်ဒီးယန်းတွေဖြစ်တဲ့ မာယာလူမျိုးတွေဟာ ခါးသီးလှတဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု အမျိုးမျိုးကို ခံခဲ့ကြရတဲ့အပြင် ပြည်တွင်းစစ်နဲ့မသက်ဆိုင်ဘဲ အချောင် အသတ်ခံ ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မာယာလူမျိုးစုတွေနေတဲ့ ကျေးရွာ ရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံကြရကာ လူသန်းနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ် .. 

စိတ်ဝင်စားရင် အောက်ပါ လင့်တွေ သွားဖတ်လို့ရပါတယ်။

http://au.news.yahoo.com/thewest/a/-/news/15977336/guatemala-ex-dictator-to-be-tried-for-genocide/

http://www.thejakartaglobe.com/afp/guatemala-ex-dictator-to-be-tried-for-genocide/568283
http://www.wmd.org/resources/whats-being-done/political-participation-minority-peoples/maya-indian-community-guatemala


လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်တွေ၊ လူသတ်တရားခံ တွေရဲ့ နောက်ဆုံးလားရာ လမ်းကြောင်းတွေကတော့ သင်ခန်းစာယူတတ်ရင် အများကြီးပါ။ အချိန်တွေကြာသွားရင် ပျောက်ကွယ် သွားလိမ့်မယ်လို့ ယူဆနေသူတွေလည်း သတိပြုသင့်ပါတယ်။

ဂွာတီမာလာနိုင်ငံ တရားရုံးတော်က ၁၉၈၂-၈၃ ခုနှစ်များအတွင်း မာယာလူမျိုးစု ၁၇၅၀ ကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့မှုနဲ့ပက်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ ကို တရားရင်ဆိုင်ရန် ရုံးတော်မှ ၂၀၁၃ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ဆင့်ခေါ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြိးဟောင်း တစ်ဦးလည်း ဖြစ်တဲ့ `အစ်ဖရိုင်း ရီရော့ မော့တ်´ ဟာ ခုချိန်မှာ အသက် ၈၆ နှစ်အရွယ်

အလုပ်သမားများ လဲဗီးကိုယ်တိုင်ပေးရတော့မည် (မလေးရှားအထူးသတင်း

***အလုပ်သမားများ လဲဗီးကိုယ်တိုင်ပေးရတော့မည် (မလေးရှားအထူးသတင်း)***
မင်္ဂလာပါ
 
မလေးရှားရောက် မြန်မာနိုင်ငံသားအားလုံး သိရှိနိုင်ရန်အတွက် အထူုးသတင်းဖြစ်တဲ့လဲဗီးကြေးကို အလုပ်သမားများမှ ပေးဆောင်ရမည်ဆိုသော ကြော်ငြာချက် နှင့် နောက်ဆက်တွဲ သတင်းများကို ဘာသာပြန်တင်ဆက်ပေးရခြင်းဖြစ်ပါတယ် ။
 
ပြီးခဲ့တဲ့ 30.1.2013 ဗုဒ္ဒဟူးနေ့မှာ မလေရှားနိုင်ငံ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး  Datuk Seri Ahmad Husni Hanadzlah ကကြော်ငြာသွားခဲ့တာအမှန်ပင်ဖြစ်ပါတယ် ။ လက်ရှိ နိုင်ငံခြားသား အလုပ်သမားများအားလုံးရရှိတဲံ့ အခြေခံလစာရဲ့ 17 % ဖြစ်တဲ့ အခွန်အခကို အစိုးရခွန်အဖြစ်ကောက်ခံတဲ့ လဲဗီးကြေး (LEVY) ကို 1992 ခုနှစ်မှာစတင်ကောက်ခံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ 2009 ခုနှစ်အထိ ထိုဥအဒေ မလေးရှားနိုင်ငံမှာ တည်ရှိခဲ့တာဖြစ်ပါတယ် ။ 2009 ခုနှစ်မှာတော့ လဲဗီးကြေးကောက်ခံမှု့ ပမာဏ ကျဆင်းလာခဲ့ပြီး မလေးရှားနိုင်ငံတွင်းမှာ တရားမဝင်အလုပ်သမားများပြားခဲ့ကာ လဲဗီးကြေး ပြဿနာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် ။
 
2011 ခုနှစ်ရောက်သည့်အချိန်တွင် မူ အစိုးရမှ နိုင်ငံတွင်း တရားမဝင်အလုပ်သမား များပြားလာမှု့နဲ့ 6P လို့ခေါ်တဲ့ တရားမဝင်အလုပ်သမားများအားလုံးကို အဆင့် ၆ ဆင့်ရှိတဲ့ စီမံချက်နဲ့ ပြန်လည် တရားဝင်ခန့်ထားခြင်း ၊ လွတ်ငြိမ်းခွင့်နဲ့ မလေးရှားနိုင်ငံမှ တရားဝင်ထွက်ခွာခွင့်ပြုခြင်း စတဲ့ ကြော်ငြာချက်များနဲ့အတူ အလုပ်သမားများရဲ့ အစိုးရခွန် လဲဗီးကို အလုပ်ရှင်များမှ ဆောင်စေရန် သတ်မှတ်ခဲ့ပြန်ပါတယ် ။
 
ယခု 30.1.2013 တွင်တော့ မလေးရှားအစိုးရဝန်ကြီးဌာနဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အစိုးရကက်ဘိနက် အဖွဲ့အစည်းများမှ ပြန်လည်ကြော်ငြာချက်ထုတ်တာကတော့ အလုပ်သမားများ ရဲ့ Levy ကြေးကို အလုပ်သမားများကသာ ဆောင်စေရန်ဖြစ်ပြန်ပါတယ်ခင်ဗျာ။
 
Levy သတ်မှတ်ချက်အရ နိုင်ငံခြားသား အလုပ်သမားအတွက် အနည်းဆုံးအခြေခံလစာကို ၉၀၀ လို့သတ်မှတ်ထားပြီး ထို လစာ တစ်လ 900 မှ စိုက်ပျိုးရေး အလုပ်သမားများအတွက် 5% မှနေ ဝန်ဆောင်မှု့လုပ်ငန်း(Service) အထိ 17 % သတ်မှတ်ကောက်ခံမှာဖြစ်ကြောင်းလဲ သိရပါတယ် ။
 
အဆိုပါသတင်းအတွက် အတည်ပြုနိုင်သလို အခြေခံလစာ ၉၀၀ ကိုလည်းအတည်ပြုပြီဖြစ်ပါတယ် ။ သို့အတွက် နိုင်ငံတွင်း အလုပ်ရှင်များ ၊ စက်ရုံများ ၊ နိုင်ငံခြားသား အလုပ်သမားများကြား လှုပ်ခတ်မှု့များစွာဖြစ်ခဲ့ပြီး ဒုတိယအနေဖြင့် လစာ မလေးရှားငွေ လစာ ၃၀၀၀ ကျော်သော အသက်မွေးဝမ်းကြောင်းပညာရှင်များ အတွက်မူ မလေးရှားနိုင်ငံသား အလုပ်ရှင်များမှ ထပ်တိုး အခွန်ဆောင်ရမည် ဖြစ်ကြောင်းလဲ ကြော်ငြာချက်မှာ အတည်ပြုထားသည်ကို တွေ့ရမည်ဖြစ်ပါတယ် ။
 
အဆိုပါ အချက်အရ ယခင် EP လို့ခေါ်တဲ့ Employ Pass ပါမစ်ကိုင်ဆောင်ထားသူ နိုင်ငံခြားသား များအတွက် လဲဗီးကြေးမဟုတ်တဲ့ အပိုခွန်ကို အလုပ်ရှင်များမှတဆင့်ပေးဆောင်ရမည်ဖြစ်ပါတယ် ။ ယခင်ကလည်းထိုအခွန်ကို အလုပ်ရှင်းများမှပေးဆောင်ရပေမည့် ယခု ပြန်လည် ထပ်မံအတည်ပြုခြင်းသာဖြစ်ကြောင်း သိရပါတယ် 
ထိုသို့နိုင်ငံခြားသား အလုပ်သမားများအပေါ် လဲဗီးကြေး ပြန်လည်ဆောင်စေမှု့အတွက် မလေးရှားနိုင်ငံရဲ့ အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းဖြစ်တဲ့  Tenaganita( Protecting & promoting the rights of women, migrants & refugees ) မှ Dr Irene Fernandez တစ်ယောက်ကတော့ လက်မှတ်ထိုး ကန့်ကွက်ထားခဲ့ပြီး ၊ ဒါက မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားသာ အလုပ်သမားအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် မလေးရှားနိုင်ငံခြားသား အလုပ်သမားဈေးကွက်ကို စိန်ခေါ်မှု့တစ်ခုဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ် ။
 
အဆိုပါ ဒေါက်တာ ရန်နီးဖာနန်းဒတ် ရဲ့ ကန့်ကွက်စာကို အောက်ပါလင့်မှာ ဆက်လက်ကြည့်ရှု့နိုင်သလို မြန်မာအလုပ်သမားများ ရဲ့ မတရားမှု့များအတွက် တရားဝင်တိုင်ကြားလိုပါက အခမဲ့ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းလဲ မြန်မာ နိုင်ငံသားများကို ဆက်လက်အသိပေးရပါတယ် ။ ဧဒင်ဥယျာဉ်ရဲ့ အလုပ်သမားများအပေါ် ကူညီနိုင်ခဲ့တဲ့အကြောင်းကလဲ ထိုအဖွဲ့အစည်းများရဲ့ ထောက်ပံမှု့ကြောင့်ပင်ဖြစ်ပါတယ်ခင်ဗျာ ။ 
 
ဒေါက်တာ Irene Fernandez ဦးစီးသော TENAGANITA NGO FACEBOOK PAGE သို့သ...
ဆက်လက်ပြီး Free Malaysia အွန်လိုင်းသတင်းဌာနကလဲ အဆိုပါ  TENAGANITA NGO အဖွဲ့ရဲ့ ကန့်ကွက်ထောက်ပြမှု့များကို သူတို့ အင်တာနက်စာမျက်နှာမှာ ဆက်လက်တင်ဆက်ပေးခဲ့တာကိုလဲ တွေ့ရပါတယ်ခင်ဗျာ ။
Free Malaysia အွန်လိုင်းသတင်းဌာန ရဲ့ သတင်းဖတ်ရန် ကလစ်ပါ
သို့ပါသောကြောင့် ယနေ့ အများပြောလျှက်ရှိသော မလေးရှားနိုင်ငံတွင်းရှိ နိုင်ငံခြားသား များအတွက် လဲဗီးဥပဒေကို ပြင်ဆင်ခြင်းအား မလေးရှားရောက် မြန်မာအလုပ်သမားများအားလုံး သိရှိနိုင်ရန်အတွက် တစ်ကြောင်း ထပ်မံပြီး နိုင်ငံခြားအလုပ်သမားများအတွက် အနည်းဆုံးအခြေခံလစာ မှာ ၉၀၀ ဖြစ်ကြောင်းကိုလည်း အတည်ပြုနိုင်ကြောင်း ကို ယခုဘလော့ဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများအား အသိပေးအကြောင်းရပါသည်ခင်ဗျာ ။
ဧဒင်ဥယျာဉ်မှ ဥယျာဉ်မှုး၏ပို့စ်ကိုပြန်လည်ကူးယူဖော်ပြပါသည်။
‎ မလေးရှားရောက် မြန်မာနိုင်ငံသားအားလုံး သိရှိနိုင်ရန်အတွက် အထူုးသတင်းဖြစ်တဲ့လဲဗီးကြေးကို အလုပ်သမားများမှ ပေးဆောင်ရမည်ဆိုသော ကြော်ငြာချက် နှင့် နောက်ဆက်တွဲ သတင်းများကို ဘာသာပြန်တင်ဆက်ပေးရခြင်းဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ 30.1.2013 ဗုဒ္ဒဟူးနေ့မှာ မလေရှားနိုင်ငံ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Datuk Seri Ahmad Husni Hanadzlah ကကြော်ငြာသွားခဲ့တာအမှန်ပင်ဖြစ်ပါတယ် ။ လက်ရှိ နိုင်ငံခြားသား အလုပ်သမားများအားလုံးရရှိတဲံ့ အခြေခံလစာရဲ့ 17 % ဖြစ်တဲ့ အခွန်အခကို အစိုးရခွန်အဖြစ်ကောက်ခံတဲ့

တောဆီးဖြူပင်

တောဆီးဖြူပင်
========
စာဖတ် ပရိသတ် များ ဖတ်ရှု လေ့လာ နိုင်စေရန် တိုင်းရင်း ဆေးဝါး ဖော်စပ် ရာတွင် အသုံးဝင် သည့် ဆေးဖက်ဝင်အပင်များအကြောင်းကို Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ်တွင် စဉ်ဆက်မပြတ် ရေးသားဖော်ပြခဲ့ရာ ယခုအပတ် ဖတ်စရာ မှတ်စရာသိစရာ အဖြစ် ဤ ဆောင်းပါးကို ရေးသားတင်ပြထား ပါသည်။ စာရေးသူ မှီတင်းနေထိုင်ရာ နိုင်ငံတွင် သဘာဝပေါက် ဆေးဖက် ဝင်အပင်များစွာသည် ရာသီအလိုက် ပေါက်ရောက်ကြသည်။ သို့သော် အချို့အချို့သော အပင်များ၏ ဆေး ဖက်ဝင် အာနိသင်များကို လူတို့ သတိမပြုမိဖြစ်နေကြသည်ကို တွေ့ရှိ နေရပါသည်။ ထိုအပင်များထဲမှ တောင်ဆီးဖြူပင်အကြောင်းကို ဖော် ပြလိုက်ရပါသည်။ မြန်မာပြည်တွင် မြေဆီးဖြူ၊ တောဆီးဖြူ၊ တောင်ဆီးဖြူအမည် များနှင့် ထင်ရှားသည်။ အင်္ဂလိပ် အမည်မှာ Phyllantia ဖြစ်သည်။ မိုးရာသီတွင် အလေ့ကျပေါက်၍ မိုး ရာသီကုန်ဆုံးလျှင် အလိုအလျောက် သေဆုံးကုန်တတ်ကြပါသည်။ အပင်၏ အသွင်အမျိုးအစားများမှာ မြေဆီး ဖြူအနီရောင်၊ မြေဆီးဖြူ အဖြူရောင်၊ ရိုးရိုးမြေဆီးဖြူနှင့် မြေဆီးဖြူအကြီးဟူ၍ ဖြစ်ပါသည်။

တိုင်းရင်းဆေးဝါးအသုံး

မြန်မာနိုင်ငံ တိုင်းရင်းဆေး ပညာရှင်များက တောင်ဆီးဖြူပင်ကို အသည်းရောင်အသားဝါရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ တို့တွင် အာနိသင်ရှိကြောင်းကို အသိ အမှတ်ပြုထားပြီးဖြစ်ပါသည်။

အပင်ထွက် ဓာတု ဒြပ်စင်များ
Phytochemical

ဆေးသိပ္ပံပညာရှင်များ၏ တွေ့ရှိ ချက်များအရ အဆိုပါအပင်တွင် Phytochemical ဓာတုဒြပ်စင်များ ဖြစ်သော Niranthin, Nirteralin, Phylanthine, Hypohlyllanthine တို့ပါဝင်ကြောင်း တွေ့ရှိထားကြပါ သည်။ သွေးပေါင်ချိန်ကျဆင်းစေသော အာနိသင်ရှိကြောင်း သိရှိရပါသည်။

စမ်းသပ် ဆေးဝါးဗေဒ

သိပ္ပံနည်းကျ လေ့လာသုတေ သနပြုထားချက် တစ်ရပ်အရ အသည်းရောင်အသားဝါ ဘီပိုးဗိုင်းရပ်စ် ကို ဆန့်ကျင်သောအာနိသင်၊ သွေး တွင်းသကြားဓာတ်ကျစေသော အာနိ သင်၊ ပဋိဇီဝအာနိသင်၊ ဆီးကျောက် ကိုပျော်စေသော အစွမ်းသတ္တိများ ရှိကြောင်း တွေ့ရပါသည်။ ဤ အချက်များသည် တောင်ဆီးဖြူပင် Phyllanthus Niruri Linn ၏ ဂုဏ်သတ္တိပင်ဖြစ်ပါသည်။ စာဖတ် ပရိသတ်များကို သိရှိစေနိုင်ရန် မြေဆီး ဖြူ၏ ဆေးဖက်ဝင်ပုံများကို ဆက် လက်၍ ဖော်ပြပါမည်။

မြေဆီးဖြူ
Phyllanthus Niruri Linn

မြန်မာ့ဆေးကျမ်းအဆို

မြန်မာ့ဆေးဝါးအဖြစ် အသုံးပြု ရာတွင် ပဉ္စငါးပါးကို သုံးစွဲရပါသည်။ ဆေးဝါး အာနိသင်များမှာ ချဉ်၊ ဖန်၊ ခါးသော အရသာရှိ၍ အေးသော သတ္တိရှိပါသည်။ ဝိပါကမှာ စပ်ပါသည်။ အစာကို ကြေစေခြင်း၊ နှုတ်ကိုမြိန်စေ ခြင်း၊ အဆိပ်ကိုနိုင်စေ၍ လေကို သက်စေနိုင်သည်။ သည်းခြေနှင့် သည်းခြေဒေါသကို နိုင်သည်။ သွေးအန်သွေးကျ၊ ရေငတ်ချောင်းဆိုး၊ ဝါသင့်နာ၊ ပန်းနာရောဂါ၊ ခယရုပ ရောဂါ၊ နူနာ၊ အဆိပ်သင့်ခြင်း၊ ကြို့ ထိုးခြင်း၊ ထိခိုက်ဒဏ်ရာတို့ကို သက် သာ ပျောက်ကင်းစေနိုင်ပါသည်။

တိုင်းရင်းဆေးဝါးအသုံး

မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ ကြီးများက ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောင်ရောဂါ၊ အသားဝါရောဂါတို့ကို ကုသရာတွင် ဤဆေးပင်ကို အသုံးပြုကြပါသည်။

အပင်ထွက် ဓာတု ဒြပ်စင်များ
Phytochemical

အဆိုပါ အပင်အား သုတေသန ပြု လေ့လာရာတွင် အောက်ပါဒြပ်စင် များပါဝင်ကြောင်းကို သုတေသနမှတ် တမ်းအရ သိရှိရပါသည်။ Bitter Substance နှင့် Alkaloid ပင်ဖြစ် ပါသည်။

စမ်းသပ်ဓါတုဗေဒ

သုတေသီများ၏ သုတေသန ပြုချက်များအရ ဗက်တီးရီးယားပိုးကို သေစေနိုင်သော အာနိသင်နှင့် ဝမ်း ပျော့စေသော အာနိသင်ရှိခြင်းတို့ကို တွေ့ရှိရသည်။

ကလေး အိပ်မပျော်

မြေဆီးဖြူအမြစ်ကို သန့်စင် အောင်ဆေးကြောကာ ပြုတ်ဆေး ရည်နည်းအတိုင်း ပြုတ်၍ ရရှိလာ သော ဆေးရည်ထဲတွင် သကြား အနည်းငယ်မျှကိုထည့်၍ အိပ်မပျော် သောကလေးကို တိုက်ကျွေးပေးခြင်း ဖြင့် ကလေးသည် ညဘက်တွင် အိပ်ပျော်စေနိုင်ပါသည်။

ဆီးလမ်းကြောင်းတွင်ဖြစ်တတ်သော ရောဂါများ

ဆီးလမ်းကြောင်း ရောဂါများဖြစ် သည့် ကိုယ်ရေဝါရောဂါ၊ ရေဖျဉ်းရော ဂါ၊ ညောင်းကျရောဂါ၊ဆီးရောဂါ၊ သွေးဝမ်းရောဂါ၊ ဆီးသွေးပါသော ရောဂါ၊ ဆီးနည်းသောရောဂါများကို အိမ်တွင်းကုသနည်းမှာ ခြောက်သွေ့ အောင် လှန်းထားသော မြေဆီးဖြူ ရွက်ကို ပြုတ်ဆေးရည်အဖြစ် အသုံး ပြုနိုင်ပါသည်။ အသားဝါရောဂါကုသုသုသနည်းး လတ်ဆတ်သော မြေဆီးဖြူ ပဉ္စငါးပါးကို သန့်စင်စေရန် ဆေး ကြောပြီး နေပူလှန်းအခြောက်ခံကာ ပြုတ်၍ရသောအရည်ကို ဆေးချိန် အတိုင်းသောက်ပေးခြင်းဖြင့် ဝါသင့် နာဟုခေါ်သော အသားဝါရောဂါကို သက်သာစေနိုင်ပါသည်။ ဤဆေး နည်းမှာ ရောဂါကုသဆေးကောင်း တစ်လက်ပင်ဖြစ်ပါသည်။

ရေဖျဉ်းရောဂါနှင့် ဆီးရောဂါ

သန့်စင်ထားသော မြေဆီးဖြူပင် ပဉ္စငါးပါးကို ပြုတ်ဆေးရည် စံချိန် အတိုင်းပြုတ်၍ လူကြီးဆေးတစ်ခွက်စာ ပမာဏအဖြစ် ဟင်းစားစတီးဇွန်း တစ်ဇွန်းစာကို တိုက်ကျွေးပေးနိုင်ပါ သည်။ လေးနာရီတစ်ကြိမ်ကျ တိုက် ကျွေးပေးနိုင်ပါသည်။ ဆီးနှင့် ပတ် သက်သော ရောဂါများတွင် အသုံးပြု နိုင်သော ဆေးနည်းတစ်လက်ဖြစ်ပါ သည်။

ပြည်တူလာသရောဂါ

မြေဆီးဖြူ ပဉ္စငါးပါးကို သန့်စင် စေပြီး အမှုန့်တစ်ဆ၊ သကြားတစ်ဆ၊ ဇီရာမှုန့်တစ်ဆတို့ကို ရောစပ်ပါ။ လူကြီးဆေးတစ်ခွက်စာ ပမာဏအဖြစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို တိုက် ကျွေးရပါမည်။ နံနက်တစ်ကြိမ် နေ့ လယ်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက် ကျွေးခြင်းဖြင့် ပြည်တူလာသရောဂါ အတွက် အသုံးဝင်စေနိုင်ပါသည်။

အသည်းနှင့် ပတ်သက်သောရော၈ါ

တောင်ဆီးဖြူနှင့် မြေဆီးဖြူ သည် အသည်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သုတေသနပြုကုသ ရာတွင် ထိရောက်မှုကို ပေးဆောင် စေနိုင်ကြောင်းကို တိုင်းရင်းဆေးဖက် ဝင် အာနိသင်ရှိ စာတမ်းတွင် အတည် ပြု ဖော်ပြထားပါသည်။ ဆေးဝါးအဖြစ် အသုံးပြုရာတွင် မြေဆီးဖြူပင် ပဉ္စ ငါးပါးကို ရေဖြင့် သန့်စင်ပြီး အမှုန့် ထောင်း၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်း စာကို တိုက်ကျွေးပေးနိုင်ပါသည်။ နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုပေးခြင်းအားဖြင့် အသည်းကြီးခြင်း၊ အသည်းရောင် အသားဝါရောဂါ၊ အသည်းအဆီဖုံး ခြင်းတို့ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။ ဆီးပူညောင်းကျရောဂါနှင့် အသားဝါရောဂါတွင်လည်း အသုံးပြု နိုင်ပါကြောင်းကို ရေးသားတင်ပြလိုက် ရပါသည်။

ဦးကျော်စိန်(ရိုးရာလေး)

http://on.fb.me/UWRK0Q
laminmaung

Credit to : ၊laminmaung
https://www.facebook.com/excellencemedia
စာဖတ် ပရိသတ် များ ဖတ်ရှု လေ့လာ နိုင်စေရန် တိုင်းရင်း ဆေးဝါး ဖော်စပ် ရာတွင် အသုံးဝင် သည့် ဆေးဖက်ဝင်အပင်များအကြောင်းကို Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ်တွင် စဉ်ဆက်မပြတ် ရေးသားဖော်ပြခဲ့ရာ ယခုအပတ် ဖတ်စရာ မှတ်စရာသိစရာ အဖြစ် ဤ ဆောင်းပါး ကို ရေးသားတင်ပြထား ပါသည်။ စာရေးသူ မှီတင်းနေထိုင်ရာ နိုင်ငံတွင် သဘာဝပေါက် ဆေးဖက် ဝင်အပင်များစွာသည် ရာသီအလိုက် ပေါက်ရောက်ကြသည်။ သို့သော် အချို့အချို့သော အပင်များ၏ ဆေး ဖက်ဝင် အာနိသင်များကို လူတို့ သတိမပြုမိဖြစ်နေကြသည်ကို တွေ့ရှိ နေရပါသည်။ ထိုအပင်များ ထဲမှ တောင်ဆီးဖြူပင်အကြောင်းကို ဖော် ပြလိုက်ရပါသည်။ မြန်မာပြည်တွင် မြေဆီးဖြူ၊ တောဆီးဖြူ၊ တောင်ဆီးဖြူအမည် များနှင့် ထင်ရှားသည်။ အင်္ဂလိပ် အမည်မှာ Phyllantia ဖြစ်သည်။ မိုးရာသီတွင် အလေ့ကျပေါက်၍ မိုး ရာသီကုန်ဆုံးလျှင် အလိုအလျောက် သေဆုံးကုန်တတ်ကြပါသည်။ အပင်၏ အသွင်အမျိုးအစားများ မှာ မြေဆီး ဖြူအနီရောင်၊ မြေဆီးဖြူ အဖြူရောင်၊ ရိုးရိုးမြေဆီးဖြူနှင့် မြေဆီးဖြူအကြီးဟူ၍ ဖြစ်ပါသည်။


တိုင်းရင်းဆေးဝါးအသုံး


မြန်မာနိုင်ငံတိုင်းရင်းဆေး ပညာရှင်များက တောင်ဆီးဖြူပင်ကို အသည်းရောင်အသား ဝါေ ရာဂါ၊ ကျောက် ကပ်ရောဂါ၊ ဆီးချိုရောဂါ တို့တွင် အာနိသင်ရှိကြောင်းကို အသိ အမှတ်ပြုထားပြီးဖြစ်ပါသည်။


အပင်ထွက် ဓာတု ဒြပ်စင်များ Phytochemical


ဆေးသိပ္ပံပညာရှင်များ၏ တွေ့ရှိ ချက်များအရ အဆိုပါအပင်တွင် Phytochemical ဓာတုဒြပ်စင်များ ဖြစ်သော Niranthin, Nirteralin, Phylanthine, Hypohlyllanthine တို့ပါဝင်ကြောင်း တွေ့ရှိထားကြပါ သည်။ သွေးပေါင်ချိန် ကျဆင်းစေသော အာနိသင်ရှိကြောင်း သိရှိရပါသည်။

စမ်းသပ် ဆေးဝါးဗေဒ

သိပ္ပံနည်းကျ လေ့လာသုတေ သနပြုထားချက် တစ်ရပ်အရ အသည်းရောင်အသားဝါ ဘီပိုးဗိုင်းရပ်စ် ကို ဆန့်ကျင်သောအာနိသင်၊ သွေး တွင်းသကြားဓာတ်ကျစေသော အာနိ သင်၊ ပဋိဇီဝအာနိသင်၊ ဆီးကျောက် ကိုပျော်စေသော အစွမ်းသတ္တိများ ရှိကြောင်း တွေ့ရပါသည်။ ဤ အချက်များသည် တောင်ဆီးဖြူပင် Phyllanthus Niruri Linn ၏ ဂုဏ်သတ္တိပင်ဖြစ်ပါသည်။ စာဖတ် ပရိသတ်များကို သိရှိစေနိုင် ရန် မြေဆီး ဖြူ ၏ ဆေးဖက်ဝင်ပုံများကို ဆက် လက်၍ ဖော်ပြပါမည်။


မြေဆီးဖြူ  Phyllanthus Niruri Linn

မြန်မာ့ဆေးကျမ်းအဆို


မြန်မာ့ဆေးဝါးအဖြစ် အသုံးပြု ရာတွင် ပဉ္စငါးပါးကို သုံးစွဲရပါသည်။ ဆေးဝါး အာနိသင်များမှာ ချဉ်၊ ဖန်၊ ခါးသောအရသာရှိ၍ အေးသောသတ္တိရှိပါသည်။ ဝိပါကမှာ စပ်ပါသည်။ အစာကို ကြေစေခြင်း၊ နှုတ် ကိုမြိန်စေ ခြင်း၊ အဆိပ်ကိုနိုင်စေ၍ လေကို သက်စေနိုင်သည်။ သည်းခြေနှင့် သည်းခြေဒေါသ ကို နိုင်သည်။ သွေးအန်သွေးကျ၊ ရေငတ်ချောင်းဆိုး၊ ဝါသင့်နာ၊ ပန်းနာရောဂါ၊ ခယရုပ ရောဂါ၊ နူနာ၊ အဆိပ်သင့်ခြင်း၊ ကြို့ ထိုးခြင်း၊ ထိခိုက်ဒဏ်ရာတို့ကို သက် သာ ပျောက်ကင်းစေနိုင်ပါသည်။

တိုင်းရင်းဆေးဝါးအသုံး

မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ ကြီးများက ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောင်ရောဂါ၊ အသားဝါရောဂါတို့ကို ကုသရာတွင် ဤဆေးပင်ကို အသုံးပြုကြပါသည်။

အပင်ထွက် ဓာတု ဒြပ်စင်များ
Phytochemical

အဆိုပါ အပင်အား သုတေသန ပြု လေ့လာရာတွင် အောက်ပါဒြပ်စင် များပါဝင်ကြောင်းကို သုတေသနမှတ် တမ်းအရ သိရှိရပါသည်။ Bitter Substance နှင့် Alkaloid ပင်ဖြစ် ပါသည်။

စမ်းသပ်ဓါတုဗေဒ

သုတေသီများ၏ သုတေသန ပြုချက်များအရ ဗက်တီးရီးယားပိုးကို သေစေနိုင်သော အာနိသင်နှင့် ဝမ်း ပျော့စေသော အာနိသင်ရှိခြင်းတို့ကို တွေ့ရှိရသည်။

ကလေး အိပ်မပျော်

မြေဆီးဖြူအမြစ်ကို သန့်စင် အောင်ဆေးကြောကာ ပြုတ်ဆေး ရည်နည်းအတိုင်း ပြုတ်၍ ရရှိလာ သော ဆေးရည်ထဲတွင် သကြား အနည်းငယ်မျှကိုထည့်၍ အိပ်မပျော် သောကလေးကို တိုက်ကျွေးပေးခြင်း ဖြင့် ကလေးသည် ညဘက်တွင် အိပ်ပျော်စေနိုင်ပါသည်။

ဆီးလမ်းကြောင်းတွင်ဖြစ်တတ်သော ရောဂါများ

ဆီးလမ်းကြောင်း ရောဂါများဖြစ် သည့် ကိုယ်ရေဝါရောဂါ၊ ရေဖျဉ်းရော ဂါ၊ ညောင်းကျရောဂါ၊ ဆီးရောဂါ၊ သွေးဝမ်းရောဂါ၊ ဆီးသွေးပါသော ရောဂါ၊ ဆီးနည်းသောရောဂါများကို အိမ်တွင်းကုသနည်း မှာ ခြောက်သွေ့ အောင် လှန်းထားသော မြေဆီးဖြူ ရွက်ကို ပြုတ်ဆေးရည်အဖြစ် အသုံး ပြုနိုင်ပါသည်။ အသားဝါရောဂါကုသုသုသနည်းး လတ်ဆတ်သော မြေဆီးဖြူပဉ္စငါးပါးကို သန့်စင်စေ ရန်ဆေးကြာ ပြီး နေပူလှန်းအခြောက်ခံကာ ပြုတ်၍ရသောအရည်ကို ဆေးချိန် အတိုင်းသောက်ပေးခြင်းဖြင့် ဝါသင့် နာဟုခေါ်သော အသားဝါရောဂါကို သက်သာစေနိုင်ပါသည်။ ဤဆေး နည်းမှာ ရောဂါ ကုသဆေးကောင်း တစ်လက်ပင်ဖြစ်ပါသည်။

ရေဖျဉ်းရောဂါနှင့် ဆီးရောဂါ

သန့်စင်ထားသော မြေဆီးဖြူပင် ပဉ္စငါးပါးကို ပြုတ်ဆေးရည် စံချိန် အတိုင်းပြုတ်၍ လူကြီးဆေးတစ်ခွက်စာ ပမာဏအဖြစ် ဟင်းစားစတီးဇွန်း တစ်ဇွန်းစာကို တိုက်ကျွေးပေးနိုင်ပါ သည်။ လေးနာရီတစ်ကြိမ်ကျ တိုက် ကျွေးပေးနိုင်ပါသည်။ ဆီးနှင့် ပတ် သက်သော ရောဂါများတွင် အသုံးပြု နိုင်သော ဆေးနည်း တစ်လက်ဖြစ်ပါ သည်။

ပြည်တူလာသရောဂါ

မြေဆီးဖြူ ပဉ္စငါးပါးကို သန့်စင် စေပြီး အမှုန့်တစ်ဆ၊ သကြားတစ်ဆ၊ ဇီရာမှုန့်တစ်ဆတို့ကို ရောစပ်ပါ။ လူကြီးဆေးတစ်ခွက်စာ ပမာဏအဖြစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို တိုက် ကျွေးရပါမည်။ နံနက်တစ်ကြိမ် နေ့ လယ်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက် ကျွေးခြင်းဖြင့် ပြည်တူလာသရောဂါ အတွက် အသုံးဝင်စေနိုင်ပါသည်။

အသည်းနှင့် ပတ်သက်သောရော၈ါ

တောင်ဆီးဖြူနှင့် မြေဆီးဖြူ သည် အသည်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သုတေသနပြုကုသ ရာတွင် ထိရောက်မှုကို ပေးဆောင် စေနိုင်ကြောင်းကို တိုင်းရင်းဆေးဖက် ဝင် အာနိသင်ရှိ စာတမ်းတွင် အတည် ပြု ဖော်ပြထားပါသည်။ ဆေးဝါးအဖြစ် အသုံးပြုရာတွင် မြေဆီးဖြူပင် ပဉ္စ ငါးပါးကို ရေဖြင့် သန့်စင်ပြီး အမှုန့် ထောင်း၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်း စာကို တိုက်ကျွေးပေးနိုင်ပါသည်။ နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုပေးခြင်းအားဖြင့် အသည်းကြီးခြင်း၊ အသည်းရောင် အသားဝါရောဂါ၊ အသည်းအဆီဖုံး ခြင်းတို့ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။ ဆီးပူညောင်း ကျရောဂါနှင့် အသားဝါရောဂါတွင်လည်း အသုံးပြု နိုင်ပါကြောင်းကို ရေးသားတင်ပြလိုက် ရပါသည်။

ဦးကျော်စိန်(ရိုးရာလေး)

ငွေပေး၍စခန်းမှူးတာဝန်ကိုလက်ဝယ် ရယူနေသော ရဲအုပ်သန်းတင်

Sunday, February 03, 2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရဲ စခန်းတွင် စခန်းမှူးတာဝန်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သော ရဲအုပ်သန်းတင်အား လွန်ခဲ့သည့်(၃) လတွင် ကျောက်နီမော် ရဲစခန်းသို့ပြောင်းရွှေ့ခဲ့ သည်။ မောင်တောမြို့ နယ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင်ခွင့်အာဏာကို အလွှဲသုံး စားပြုလုပ်၍၊ ဒေသခံ ရိုဟင်ဂျာမွတ်စလင်များအား ညှင်းပန်းနှိပ်စက်၍ ငွေညှစ်ခဲ့သူဖြစ်သည်။

ယခုအခါကျောက်နီမော် ရဲစခန်းတွင် ယခင်ကဲ့သို့ငွေညှစ်၍ မရသောကြောင့် ပြည်နယ် ရဲမှူးကြီးအား ငွေ ကျပ်သိန်း (၅၀) လာဘ်ငွေပေး၍ မောင်တောမြို့နယ်ရဲစခန်း သို့ပြောင်းရွှေ့ခွင့် ရရန်ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။ ထိုသို့ လာဘ်ငွေကျပ်သိန်း (၅၀) ပေးနိုင်ရန်အ တွက်မောင်တောမြို့နယ် သို့ လာ ရောက် ၍ ဒေသခံရိုဟင်ဂျာမွတ်စလင် (၆) ဦးထံမှ ငွေကျပ်သိန်း (၅၀) အတင်း အဓမ္မတောင်း ယူသွား ကြောင်းသိရပါသည်။ ဒေသခံများသည် ၎င်း၏ တာဝန်မှာ မောင်တောမြို့နယ်တွင် မဟုတ်သော် လည်း တောင်းခံသောငွေကြေးကို မပေးလျှင် အခြားသော နည်းဖြင့် ဖမ်းဆီး၍ မတရား သဖြင့်ထောင် ချစေခြင်း များပြုလုပ်မည်ကိုစိုးရိမ်ပြီး ၎င်းမှတောင်းခံသောငွေကြေးကိုပေးခဲ့ရသည်။

ထိုသို့ပြောင်းရွှေ့လာနိုင် ရန်ကြိုးစားနေသည်ကို ဒေသခံများမှ သိရ၍ လွန်စွာ စိတ်မချမ်းမြေ့ဖြစ်နေကြ သည်။

“အခုပြောင်း မလာခင်တောင်လာပြီး သိန်း ၅၀ ရအောင်ယူသွားတယ်ဆိုတော့ တကယ်ပြောင်း လာ ရင် တောင် ကျွန်တော်တို့ အရင်တုန်းခံရတာ ထက်ပိုခံရမယ်” ဟုဒေသခံတစ်ဦးမှ RB News သို့ပြော သည်။

“ပြည်နယ်ရဲမှူးကြီးကို ရဲအုပ်သန်းတင်က စခန်းမှူး တာဝန်ရဖို့အတွက် သိန်း(၅၀) ပေးတယ်လို့ ကျွန် တော် တို့ သိရပါတယ်။ ပြည်နယ်ရဲမှူးကြီး ရတာကိုတော့ မပြောလိုပါဘူး။ ရဲအုပ်သန်းတင်ကပြည်သူတွေ ကို အာဏာ အခွင့်ကောင်းယူပြီး နှိပ်စက်တာတွေကို သိစေချင်တယ် ။ဖြစ်နိုင်မယ်ဆို ရင် မောင်း တော ကို ပြောင်းရွှေ့ခွင့် မပေးပါနဲ့လို့ မေတ္တာရပ်ခံပါရစေ လို့ မောင်တောမြို့ကြ ပည်သူတွေ ကိုယ် စားပြော ချင်ပါ တယ်” ဟုဒေသခံ များ၏ မေတ္တာရပ်ခံချက်ကို မောင်တောမြို့သားတစ်ဦးက RB News သို့ပြော ပါသည်။

နစ်မြုပ်စပြုနေသော ငါးဖမ်းသင်္ဘောမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦး ကို သီရိလင်္ကာရေတပ် ကယ်ဆယ်

နစ်မြုပ်စပြုနေသော ငါးဖမ်းသင်္ဘောမှ ဘင်္ဂလားဒေ့ရှ်နှင့်
မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦး ကို သီရိလင်္ကာရေတပ်
ကယ်ဆယ်

ကိုလမ်ဘို၊ ဖေဖေါ်ဝါရီ ၃ ။

သီရိလင်္ကာရေတပ်သည် ၎င်းတို့၏ ကျွန်းမှ အရှေ့ဘက် ကမ်းရိုးတန်းအနီးပင်လယ်တွင် နစ်မြုပ်စပြုနေသော ငါးဖမ်း သင်္ဘောတစ်စင်းမှ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသား စုစုပေါင်း 
၁၃၈ဦးကို  ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သင်္ဘောမှ ကယ်ဆယ်ရမိသူများတွင် တစ်ဦးမှာ ရေဓါတ် 
ချို့တဲ့သည့်ဝေဒနာဖြင့် သေဆုံးသွားခဲ့ကြောင်း ရေတပ်
ပြောခွင့် ရပုဂ္ဂိုလ်က ပြောကြားသည်။ ၎င်းက "အကာရိုင်
ပတ္တူ ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရာကို ကျွန်တော်တို့ သင်္ဘောသုံးစင်း
လွှတ်ပြီး ကယ်တင်ခဲ့ပါတယ်" ဟု အေအက်ဖ်ပီသို့ ပြောကြားပြီး၊ အချို့ကို ဆေးရုံသို့ တင်ထားကြောင်း အတည်ပြုပြောသည်။ 
ကယ်ဆယ်ရရှိသည့် ဒုက္ခသည် ၁၃၈ ဦးတွင် မြန်မာနိုင်ငံသား 
၁၄ ဦးသာ ပါဝင်ကြောင်း ရဲက ပြောကြားသည်။

ရဲတပ်ဖွဲ့ သည် ဒုက္ခသည်များနှင်ဆက်သွယ်ပြောဆိုနိုင်ရန်
အတွက် စကားပြန်များစေလွှတ်ပေးရန် မြန်မာနှင့် ဘင်္ဂလား 
သံရုံးများသို့ အကူအညီ တောင်းခံထားကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က  ၎င်းသင်္ဘောပျက်မှ ဆယ်ယူ
ထားသူများသည် သီရိလင်္ကာသို့ ခိုးဝင်ရန် ကြိုးစားသူများ မဟုတ်သည်မှာ သေချာကြောင်း၊ ပင်လယ်တွင်း၌ သင်္ဘော
ပျက်ကာ မိမိတို့ကမ်းရိုးတန်းများဘက်သို့ ရောက်လာခြင်း
ဖြစ်ကြောင်း ဆိုသည်။

သီရိလင်္ကာသည် ယမန်နှစ်က နိုင်ငံသို့ လူမှောင်ခိုသွင်း
သူများက တရားမ၀င်ခိုးသွင်းလာသော လူပေါင်း ၁၂၀၀
ကျော်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။

Ref: gulfnews
ကိုလမ်ဘို၊ ဖေဖေါ်ဝါရီ ၃ ။

သီရိလင်္ကာရေတပ်သည် ၎င်းတို့၏ ကျွန်းမှ အရှေ့ဘက် ကမ်းရိုးတန်းအနီးပင်လယ်တွင် နစ်မြုပ်စပြုနေသော ငါးဖမ်း သင်္ဘောတစ်စင်းမှ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သင်္ဘောမှ ကယ်ဆယ်ရမိသူများတွင် တစ်ဦးမှာ ရေဓါတ် ချို့တဲ့သည့်ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း ရေတပ်ပြောခွင့် ရပုဂ္ဂိုလ်က ပြောကြားသည်။ ၎င်းက "အကာရိုင်ပတ္တူ ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရာကို ကျွန်တော်တို့ သင်္ဘောသုံးစင်းလွှတ်ပြီး ကယ်တင် ခဲ့ ပါတယ်" ဟု အေအက်ဖ်ပီသို့ ပြောကြားပြီး၊ အချို့ကို ဆေးရုံသို့ တင်ထားကြောင်း အတည်ပြုပြော သည်။ ကယ်ဆယ်ရရှိသည့် ဒုက္ခသည် ၁၃၈ ဦးတွင် မြန်မာနိုင်ငံသား ၁၄ ဦးသာ ပါဝင်ကြောင်း ရဲက ပြော ကြားသည်။

ရဲတပ်ဖွဲ့ သည် ဒုက္ခသည်များနှင်ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် စကားပြန်များစေလွှတ်ပေးရန် မြန်မာနှင့် ဘင်္ဂလား သံရုံးများသို့ အကူအညီ တောင်းခံထားကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းသင်္ဘောပျက်မှ ဆယ်ယူထားသူများသည် သီရိလင်္ကာသို့ ခိုးဝင်ရန် ကြိုးစားသူများ မဟုတ်သည်မှာ သေချာကြောင်း၊ ပင်လယ်တွင်း၌ သင်္ဘောပျက်ကာ မိမိတို့ကမ်းရိုးတန်းများဘက်သို့ ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။သူများက တရားမ၀င်ခိုးသွင်း လာသော လူပေါင်း ၁၂၀၀ကျော်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။

Ref: gulfnews

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး
Sunday, 03 February 2013

ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မထတမ်းကစားခဲ့သည့် လူငယ်
တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ်တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်းရပ်ရှိ အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း
နှစ်ရက်တိုင် အစာလည်းထမစား တစ်နေကုန်ကစားနေသဖြင့် ထိုသို့ အသက်ဆုံးရှုံးရခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုလူငယ်ကို ဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်းတွင် ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း၊ သူက သွားနှိုးလိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်းလမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံသို့ အမြန်ပို့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးနေပြီဖြစ်သည်။ ရဲတပ်ဖွဲ့မှ ရင်ခွဲရုံသို့ အလောင်းကို ပို့ပြီး သေဆုံးရခြင်းအကြောင်းနှင့်
ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊ နာရီပေါင်းများစွာ ခွေခေါက်ထိုင်ပြီး ကစား နေခြင်းကြောင့်အပြင် နှလုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီကလည်း နယူးတိုင်ပေတွင် လူငယ်တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို လက်လှမ်းနေသည့် အနေ
အထားဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ထိုလူငယ်ကိုလည်း နှလုံးရောဂါ
ကြောင့်ပင် သေဆုံးခဲ့ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။  
   
ရွှေမောင် 
မောက္ခ

Sunday, 03 February 2013

ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မထတမ်းကစားခဲ့သည့် လူငယ်တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်းမီဒီယာ တစ်ခုမှ သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ်တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်းရပ်ရှိ အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်းနှစ်ရက်တိုင် အစာလည်းထမစား တစ်နေကုန်ကစားနေသဖြင့် ထိုသို့ အသက်ဆုံးရှုံးရခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုလူငယ်ကိုဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်းတွင်ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေ အထားဖြင့် တွေ့ရှိခဲ့ရကြောင်း၊ သူက သွားနှိုးလိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်း လမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံသို့ အမြန်ပို့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးနေပြီဖြစ်သည်။ ရဲတပ်ဖွဲ့မှ ရင်ခွဲရုံသို့ အလောင်းကို ပို့ပြီး သေဆုံးရခြင်းအကြောင်းနှင့်ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊ နာရီပေါင်း များစွာ ခွေခေါက်ထိုင်ပြီး ကစား နေခြင်းကြောင့်အပြင် နှလုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီကလည်း နယူးတိုင်ပေတွင် လူငယ်တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို လက်လှမ်းနေသည့် အနေအထားဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ထိုလူငယ်ကိုလည်း နှလုံးရောဂါ
ကြောင့်ပင် သေဆုံးခဲ့ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

ရွှေမောင်
မောက္ခ

၇ိုဟင်၈ျာများ၏အတိတ်

မင်းရာဇာကြီး(ခ)သတိုးဓမ္မရာဇာ ဆောလိမ်ရှား(ခရစ်နှစ် ၁၅၉၃-၁၆၁၂)ထုတ်ဝေသော ရှေးဟောင်းရခိုင် ဒင်္ဂါးပြား

မင်းရာဇာကြီးသည် မင်းဖလောင်းလွန်ပြီးနောက် နန်းတက်သော သားတော်ဖြစ်သည်။ ဆောလိမ်ရှား ဟူသော မွတ်စလင် အမည်ဖြင့်  ဒင်္ဂါးနှစ်ကြိမ်(သို့)လေးကြိမ်ထုတ်ဝေသည်။ ကျောဘက်မှစာမှာ အထက်ခြမ်းတွင် ပါရှား(အီရန်) ဘာသာဖြင့်ရေးထားပြီး အောက်ခြမ်းတွင်မူ နာဂရီ(ရှေးဟောင်းဘင်္ဂလီစာပေတမျိုး)ဖြင့် ရေးထိုးထားသည်။ ဖခင် မင်းဖလောင်းထက်လက် အနောက်ဘင်္ဂါ ၁၂မြို့ကို စစ်ထိုးရာတွင် သေနာပတိအဖြစ်ပါဝင်ခဲ့သည်။ထိုမင်းလက်ထက်တွင် တောင်ငူမင်း သီဟသူနှင့် ပူးပေါင်းပြီး  ဟံသာဝတီ (ပဲခူး)မှ နန္ဒဘုရင်အား စစ်ချီတိုက်ခိုက်ပြီး သမီးကညာ၊ဆင်ဖြူရတနာနှင့် ယခု မန္တလေးမဟာမြတ်မုနိဘုရားတွင်ရောက်နေသော ကြေးရုပ်ကြီးများကိုပါ ရခိုင်ပြည်သို့ယူဆောင်လာခဲ့သည်။ဟံသာဝတီ ကိုစစ်နိုင်ပြီး ပြန်ရောက်လာသောအခါ ဆင်ဖြူရှင်နရာဓိပတိ ဆောလိမ်ရှားဟူ၍ဒင်္ဂါးထပ်မံ ရိုက်နှိပ်ခဲ့သည်။မင်းရာဇာကြီးသည် သိန်းခိုကျွန်း(သိရိလင်္ကာ)သို့ သာသနာပြုရန် အဖွဲ့စေလွှတ်သည်။ထိုမင်းလက်ထက်တွင် ရခိုင်ရေတပ်၏အင်အားမှာ အလွန်တောင့်တင်းပြီး အိန္ဒိယနိုင်ငံအောက်ပိုင်း အနောကပြီဖက်ရှိ မော်လဒိုက်ကျွန်းစုများသို့တိုင်အောင် သင်္ဘောများသွားလာလျှက်ရှိသည်ဟု ပြင်သစ်ခရီးသွား ပိုင်ရတ်ဆိုသူက မှတ်တမ်းတင်ခဲ့သည်။
(ပုံများကို ဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ်မှရရှိပါသည်။)
မင်းရာဇာကြီး(ခ)သတိုးဓမ္မရာဇာ ဆောလိမ်ရှား(ခရစ်နှစ် ၁၅၉၃-၁၆၁၂)ထုတ်ဝေသော ရှေးဟောင်းရခိုင် ဒင်္ဂါးပြား

မင်းရာဇာကြီးသည် မင်းဖလောင်းလွန်ပြီးနောက် နန်းတက်သော သားတော်ဖြစ်သည်။ ဆောလိမ်ရှား ဟူသော မွတ်စလင် အမည်ဖြင့် ဒင်္ဂါးနှစ်ကြိမ်(သို့)လေးကြိမ်ထုတ်ဝေသည်။ ကျောဘက်မှစာမှာ အထက်ခြမ်းတွင် ပါရှား(အီရန်) ဘာသာဖြင့်ရေးထားပြီး အောက်ခြမ်းတွင်မူ နာဂရီ (ရှေးဟောင်းဘင်္ဂလီစာပေတမျိုး)ဖြင့် ရေးထိုးထားသည်။ ဖခင် မင်းဖလောင်းထက်လက်