Sunday, February 3, 2013

၇ိုဟင်၈ျာများ၏အတိတ်

မင်းရာဇာကြီး(ခ)သတိုးဓမ္မရာဇာ ဆောလိမ်ရှား(ခရစ်နှစ် ၁၅၉၃-၁၆၁၂)ထုတ်ဝေသော ရှေးဟောင်းရခိုင် ဒင်္ဂါးပြား

မင်းရာဇာကြီးသည် မင်းဖလောင်းလွန်ပြီးနောက် နန်းတက်သော သားတော်ဖြစ်သည်။ ဆောလိမ်ရှား ဟူသော မွတ်စလင် အမည်ဖြင့်  ဒင်္ဂါးနှစ်ကြိမ်(သို့)လေးကြိမ်ထုတ်ဝေသည်။ ကျောဘက်မှစာမှာ အထက်ခြမ်းတွင် ပါရှား(အီရန်) ဘာသာဖြင့်ရေးထားပြီး အောက်ခြမ်းတွင်မူ နာဂရီ(ရှေးဟောင်းဘင်္ဂလီစာပေတမျိုး)ဖြင့် ရေးထိုးထားသည်။ ဖခင် မင်းဖလောင်းထက်လက် အနောက်ဘင်္ဂါ ၁၂မြို့ကို စစ်ထိုးရာတွင် သေနာပတိအဖြစ်ပါဝင်ခဲ့သည်။ထိုမင်းလက်ထက်တွင် တောင်ငူမင်း သီဟသူနှင့် ပူးပေါင်းပြီး  ဟံသာဝတီ (ပဲခူး)မှ နန္ဒဘုရင်အား စစ်ချီတိုက်ခိုက်ပြီး သမီးကညာ၊ဆင်ဖြူရတနာနှင့် ယခု မန္တလေးမဟာမြတ်မုနိဘုရားတွင်ရောက်နေသော ကြေးရုပ်ကြီးများကိုပါ ရခိုင်ပြည်သို့ယူဆောင်လာခဲ့သည်။ဟံသာဝတီ ကိုစစ်နိုင်ပြီး ပြန်ရောက်လာသောအခါ ဆင်ဖြူရှင်နရာဓိပတိ ဆောလိမ်ရှားဟူ၍ဒင်္ဂါးထပ်မံ ရိုက်နှိပ်ခဲ့သည်။မင်းရာဇာကြီးသည် သိန်းခိုကျွန်း(သိရိလင်္ကာ)သို့ သာသနာပြုရန် အဖွဲ့စေလွှတ်သည်။ထိုမင်းလက်ထက်တွင် ရခိုင်ရေတပ်၏အင်အားမှာ အလွန်တောင့်တင်းပြီး အိန္ဒိယနိုင်ငံအောက်ပိုင်း အနောကပြီဖက်ရှိ မော်လဒိုက်ကျွန်းစုများသို့တိုင်အောင် သင်္ဘောများသွားလာလျှက်ရှိသည်ဟု ပြင်သစ်ခရီးသွား ပိုင်ရတ်ဆိုသူက မှတ်တမ်းတင်ခဲ့သည်။
(ပုံများကို ဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ်မှရရှိပါသည်။)
မင်းရာဇာကြီး(ခ)သတိုးဓမ္မရာဇာ ဆောလိမ်ရှား(ခရစ်နှစ် ၁၅၉၃-၁၆၁၂)ထုတ်ဝေသော ရှေးဟောင်းရခိုင် ဒင်္ဂါးပြား

မင်းရာဇာကြီးသည် မင်းဖလောင်းလွန်ပြီးနောက် နန်းတက်သော သားတော်ဖြစ်သည်။ ဆောလိမ်ရှား ဟူသော မွတ်စလင် အမည်ဖြင့် ဒင်္ဂါးနှစ်ကြိမ်(သို့)လေးကြိမ်ထုတ်ဝေသည်။ ကျောဘက်မှစာမှာ အထက်ခြမ်းတွင် ပါရှား(အီရန်) ဘာသာဖြင့်ရေးထားပြီး အောက်ခြမ်းတွင်မူ နာဂရီ (ရှေးဟောင်းဘင်္ဂလီစာပေတမျိုး)ဖြင့် ရေးထိုးထားသည်။ ဖခင် မင်းဖလောင်းထက်လက်
အနောက်ဘင်္ဂါ ၁၂မြို့ကို စစ်ထိုးရာတွင် သေနာပတိအဖြစ်ပါဝင်ခဲ့သည်။ထိုမင်းလက်ထက်တွင် တောင်ငူမင်း သီဟသူနှင့် ပူးပေါင်းပြီး ဟံသာဝတီ (ပဲခူး)မှ နန္ဒဘုရင်အား စစ်ချီတိုက်ခိုက်ပြီး သမီးကညာ၊ဆင်ဖြူရတနာနှင့် ယခု မန္တလေးမဟာမြတ်မုနိဘုရားတွင်ရောက်နေသော ကြေးရုပ်ကြီးများကိုပါ ရခိုင်ပြည်သို့ယူဆောင်လာခဲ့သည်။ဟံသာဝတီ ကိုစစ်နိုင်ပြီး ပြန်ရောက်လာသောအခါ ဆင်ဖြူရှင်နရာဓိပတိ ဆောလိမ်ရှားဟူ၍ဒင်္ဂါးထပ်မံ ရိုက်နှိပ်ခဲ့သည်။မင်းရာဇာကြီးသည် သိန်းခိုကျွန်း(သိရိလင်္ကာ)သို့ သာသနာပြုရန် အဖွဲ့စေလွှတ်သည်။ ထိုမင်းလက်ထက်တွင် ရခိုင်ရေတပ်၏အင်အားမှာ အလွန်တောင့်တင်းပြီး အိန္ဒိယနိုင်ငံအောက်ပိုင်း အနောကပြီဖက်ရှိ မော်လဒိုက်ကျွန်းစုများသို့တိုင်အောင် သင်္ဘောများသွားလာလျှက်ရှိသည် ဟု ပြင်သစ် ခရီးသွား ပိုင်ရတ်ဆိုသူက မှတ်တမ်းတင်ခဲ့သည်။
(ပုံများကို ဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ်မှရရှိပါသည်။)

No comments:

Post a Comment