Sunday, February 3, 2013

ကြေးစင်တောင် စီမံကိန်း မိုင်းခွဲမှု ကြောင့် ရေကန် ပြိုကျပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရ

မုံရွာ၊ ဖေဖော်ဝါရီ၊ ၂

ကြေးစင်တောင် စီမံကိန်း တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့လည် ၁၂နာရီ ၃၀ မိနစ်က မိုင်းခွဲမှု ပြုလုပ် ခဲ့ပြီးနောက် စက္ကန့်ပိုင်း အကြာတွင် တစ်မိုင်ခန့် အကွာရှိ ရေကြည်ပင် ရွာမှ အုတ်ရေကန် ပြိုကျပြီး အသက်၅ဝ အရွယ်ခန့် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ကြောင်း ယင်း အမျိုးသမီး ၏ မိသားစုဝင် တစ်ဦးက ပြောကြား သည်။
“မိုင်းခွဲတဲ့ အသံ ကြားလိုက် ရတယ် ချက်ချင်း ဆိုသလိုပဲ ဝုန်း ဆိုတဲ့ အသံနဲ့ အုတ်ပြား တွေက သူ့အပေါ် ပိနေတယ်” ဟု ဒဏ်ရာရ အမျိုး သမီးကြီး ၏ တူဖြစ်သူ ကိုဆန်းလင်းက ဆိုသည်။

ရေကန် ပြိုကျပြီး အုတ်ပြား ပြိုကျမှု ကြောင့် အမျိုးသမီးကြီးမှာ နားထင် ပေါက်သွားပြီး ခြေထောက် တွင် လည်း ထိခိုက် ဒဏ်ရာ ရရှိ ခဲ့သည့် အတွက် မုံရွာ နာရေး ကူညီမှု အသင်းကို အကူအညီ တောင်းခံကာ ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ရကြောင်း ၄င်းက ရှင်းပြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကြေးစင်တောင် စီမံကိန်းကို လုပ်ဆောင် နေသော မြန်မာယန်စီ ကော်ပါး ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းရာ ကုမ္ပဏီ အနေနှင့် လူနာ အပါအဝင် ပျက်စီး ခဲ့သည် များကို တာဝန် ယူ၍ ကျေနပ်သည် အထိ ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီမှ တာဝန် ရှိသူ တစ်ဦးက ပြန်လည် ဖြေကြား သည်။

No comments:

Post a Comment