Sunday, February 3, 2013

ငွေပေး၍စခန်းမှူးတာဝန်ကိုလက်ဝယ် ရယူနေသော ရဲအုပ်သန်းတင်

Sunday, February 03, 2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရဲ စခန်းတွင် စခန်းမှူးတာဝန်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သော ရဲအုပ်သန်းတင်အား လွန်ခဲ့သည့်(၃) လတွင် ကျောက်နီမော် ရဲစခန်းသို့ပြောင်းရွှေ့ခဲ့ သည်။ မောင်တောမြို့ နယ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင်ခွင့်အာဏာကို အလွှဲသုံး စားပြုလုပ်၍၊ ဒေသခံ ရိုဟင်ဂျာမွတ်စလင်များအား ညှင်းပန်းနှိပ်စက်၍ ငွေညှစ်ခဲ့သူဖြစ်သည်။

ယခုအခါကျောက်နီမော် ရဲစခန်းတွင် ယခင်ကဲ့သို့ငွေညှစ်၍ မရသောကြောင့် ပြည်နယ် ရဲမှူးကြီးအား ငွေ ကျပ်သိန်း (၅၀) လာဘ်ငွေပေး၍ မောင်တောမြို့နယ်ရဲစခန်း သို့ပြောင်းရွှေ့ခွင့် ရရန်ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။ ထိုသို့ လာဘ်ငွေကျပ်သိန်း (၅၀) ပေးနိုင်ရန်အ တွက်မောင်တောမြို့နယ် သို့ လာ ရောက် ၍ ဒေသခံရိုဟင်ဂျာမွတ်စလင် (၆) ဦးထံမှ ငွေကျပ်သိန်း (၅၀) အတင်း အဓမ္မတောင်း ယူသွား ကြောင်းသိရပါသည်။ ဒေသခံများသည် ၎င်း၏ တာဝန်မှာ မောင်တောမြို့နယ်တွင် မဟုတ်သော် လည်း တောင်းခံသောငွေကြေးကို မပေးလျှင် အခြားသော နည်းဖြင့် ဖမ်းဆီး၍ မတရား သဖြင့်ထောင် ချစေခြင်း များပြုလုပ်မည်ကိုစိုးရိမ်ပြီး ၎င်းမှတောင်းခံသောငွေကြေးကိုပေးခဲ့ရသည်။

ထိုသို့ပြောင်းရွှေ့လာနိုင် ရန်ကြိုးစားနေသည်ကို ဒေသခံများမှ သိရ၍ လွန်စွာ စိတ်မချမ်းမြေ့ဖြစ်နေကြ သည်။

“အခုပြောင်း မလာခင်တောင်လာပြီး သိန်း ၅၀ ရအောင်ယူသွားတယ်ဆိုတော့ တကယ်ပြောင်း လာ ရင် တောင် ကျွန်တော်တို့ အရင်တုန်းခံရတာ ထက်ပိုခံရမယ်” ဟုဒေသခံတစ်ဦးမှ RB News သို့ပြော သည်။

“ပြည်နယ်ရဲမှူးကြီးကို ရဲအုပ်သန်းတင်က စခန်းမှူး တာဝန်ရဖို့အတွက် သိန်း(၅၀) ပေးတယ်လို့ ကျွန် တော် တို့ သိရပါတယ်။ ပြည်နယ်ရဲမှူးကြီး ရတာကိုတော့ မပြောလိုပါဘူး။ ရဲအုပ်သန်းတင်ကပြည်သူတွေ ကို အာဏာ အခွင့်ကောင်းယူပြီး နှိပ်စက်တာတွေကို သိစေချင်တယ် ။ဖြစ်နိုင်မယ်ဆို ရင် မောင်း တော ကို ပြောင်းရွှေ့ခွင့် မပေးပါနဲ့လို့ မေတ္တာရပ်ခံပါရစေ လို့ မောင်တောမြို့ကြ ပည်သူတွေ ကိုယ် စားပြော ချင်ပါ တယ်” ဟုဒေသခံ များ၏ မေတ္တာရပ်ခံချက်ကို မောင်တောမြို့သားတစ်ဦးက RB News သို့ပြော ပါသည်။

No comments:

Post a Comment