Sunday, February 3, 2013

နစ်မြုပ်စပြုနေသော ငါးဖမ်းသင်္ဘောမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦး ကို သီရိလင်္ကာရေတပ် ကယ်ဆယ်

နစ်မြုပ်စပြုနေသော ငါးဖမ်းသင်္ဘောမှ ဘင်္ဂလားဒေ့ရှ်နှင့်
မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦး ကို သီရိလင်္ကာရေတပ်
ကယ်ဆယ်

ကိုလမ်ဘို၊ ဖေဖေါ်ဝါရီ ၃ ။

သီရိလင်္ကာရေတပ်သည် ၎င်းတို့၏ ကျွန်းမှ အရှေ့ဘက် ကမ်းရိုးတန်းအနီးပင်လယ်တွင် နစ်မြုပ်စပြုနေသော ငါးဖမ်း သင်္ဘောတစ်စင်းမှ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသား စုစုပေါင်း 
၁၃၈ဦးကို  ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သင်္ဘောမှ ကယ်ဆယ်ရမိသူများတွင် တစ်ဦးမှာ ရေဓါတ် 
ချို့တဲ့သည့်ဝေဒနာဖြင့် သေဆုံးသွားခဲ့ကြောင်း ရေတပ်
ပြောခွင့် ရပုဂ္ဂိုလ်က ပြောကြားသည်။ ၎င်းက "အကာရိုင်
ပတ္တူ ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရာကို ကျွန်တော်တို့ သင်္ဘောသုံးစင်း
လွှတ်ပြီး ကယ်တင်ခဲ့ပါတယ်" ဟု အေအက်ဖ်ပီသို့ ပြောကြားပြီး၊ အချို့ကို ဆေးရုံသို့ တင်ထားကြောင်း အတည်ပြုပြောသည်။ 
ကယ်ဆယ်ရရှိသည့် ဒုက္ခသည် ၁၃၈ ဦးတွင် မြန်မာနိုင်ငံသား 
၁၄ ဦးသာ ပါဝင်ကြောင်း ရဲက ပြောကြားသည်။

ရဲတပ်ဖွဲ့ သည် ဒုက္ခသည်များနှင်ဆက်သွယ်ပြောဆိုနိုင်ရန်
အတွက် စကားပြန်များစေလွှတ်ပေးရန် မြန်မာနှင့် ဘင်္ဂလား 
သံရုံးများသို့ အကူအညီ တောင်းခံထားကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က  ၎င်းသင်္ဘောပျက်မှ ဆယ်ယူ
ထားသူများသည် သီရိလင်္ကာသို့ ခိုးဝင်ရန် ကြိုးစားသူများ မဟုတ်သည်မှာ သေချာကြောင်း၊ ပင်လယ်တွင်း၌ သင်္ဘော
ပျက်ကာ မိမိတို့ကမ်းရိုးတန်းများဘက်သို့ ရောက်လာခြင်း
ဖြစ်ကြောင်း ဆိုသည်။

သီရိလင်္ကာသည် ယမန်နှစ်က နိုင်ငံသို့ လူမှောင်ခိုသွင်း
သူများက တရားမ၀င်ခိုးသွင်းလာသော လူပေါင်း ၁၂၀၀
ကျော်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။

Ref: gulfnews
ကိုလမ်ဘို၊ ဖေဖေါ်ဝါရီ ၃ ။

သီရိလင်္ကာရေတပ်သည် ၎င်းတို့၏ ကျွန်းမှ အရှေ့ဘက် ကမ်းရိုးတန်းအနီးပင်လယ်တွင် နစ်မြုပ်စပြုနေသော ငါးဖမ်း သင်္ဘောတစ်စင်းမှ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သင်္ဘောမှ ကယ်ဆယ်ရမိသူများတွင် တစ်ဦးမှာ ရေဓါတ် ချို့တဲ့သည့်ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း ရေတပ်ပြောခွင့် ရပုဂ္ဂိုလ်က ပြောကြားသည်။ ၎င်းက "အကာရိုင်ပတ္တူ ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရာကို ကျွန်တော်တို့ သင်္ဘောသုံးစင်းလွှတ်ပြီး ကယ်တင် ခဲ့ ပါတယ်" ဟု အေအက်ဖ်ပီသို့ ပြောကြားပြီး၊ အချို့ကို ဆေးရုံသို့ တင်ထားကြောင်း အတည်ပြုပြော သည်။ ကယ်ဆယ်ရရှိသည့် ဒုက္ခသည် ၁၃၈ ဦးတွင် မြန်မာနိုင်ငံသား ၁၄ ဦးသာ ပါဝင်ကြောင်း ရဲက ပြော ကြားသည်။

ရဲတပ်ဖွဲ့ သည် ဒုက္ခသည်များနှင်ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် စကားပြန်များစေလွှတ်ပေးရန် မြန်မာနှင့် ဘင်္ဂလား သံရုံးများသို့ အကူအညီ တောင်းခံထားကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းသင်္ဘောပျက်မှ ဆယ်ယူထားသူများသည် သီရိလင်္ကာသို့ ခိုးဝင်ရန် ကြိုးစားသူများ မဟုတ်သည်မှာ သေချာကြောင်း၊ ပင်လယ်တွင်း၌ သင်္ဘောပျက်ကာ မိမိတို့ကမ်းရိုးတန်းများဘက်သို့ ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။သူများက တရားမ၀င်ခိုးသွင်း လာသော လူပေါင်း ၁၂၀၀ကျော်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။

Ref: gulfnews

No comments:

Post a Comment