Sunday, February 3, 2013

အလုပ်သမားများ လဲဗီးကိုယ်တိုင်ပေးရတော့မည် (မလေးရှားအထူးသတင်း

***အလုပ်သမားများ လဲဗီးကိုယ်တိုင်ပေးရတော့မည် (မလေးရှားအထူးသတင်း)***
မင်္ဂလာပါ
 
မလေးရှားရောက် မြန်မာနိုင်ငံသားအားလုံး သိရှိနိုင်ရန်အတွက် အထူုးသတင်းဖြစ်တဲ့လဲဗီးကြေးကို အလုပ်သမားများမှ ပေးဆောင်ရမည်ဆိုသော ကြော်ငြာချက် နှင့် နောက်ဆက်တွဲ သတင်းများကို ဘာသာပြန်တင်ဆက်ပေးရခြင်းဖြစ်ပါတယ် ။
 
ပြီးခဲ့တဲ့ 30.1.2013 ဗုဒ္ဒဟူးနေ့မှာ မလေရှားနိုင်ငံ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး  Datuk Seri Ahmad Husni Hanadzlah ကကြော်ငြာသွားခဲ့တာအမှန်ပင်ဖြစ်ပါတယ် ။ လက်ရှိ နိုင်ငံခြားသား အလုပ်သမားများအားလုံးရရှိတဲံ့ အခြေခံလစာရဲ့ 17 % ဖြစ်တဲ့ အခွန်အခကို အစိုးရခွန်အဖြစ်ကောက်ခံတဲ့ လဲဗီးကြေး (LEVY) ကို 1992 ခုနှစ်မှာစတင်ကောက်ခံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ 2009 ခုနှစ်အထိ ထိုဥအဒေ မလေးရှားနိုင်ငံမှာ တည်ရှိခဲ့တာဖြစ်ပါတယ် ။ 2009 ခုနှစ်မှာတော့ လဲဗီးကြေးကောက်ခံမှု့ ပမာဏ ကျဆင်းလာခဲ့ပြီး မလေးရှားနိုင်ငံတွင်းမှာ တရားမဝင်အလုပ်သမားများပြားခဲ့ကာ လဲဗီးကြေး ပြဿနာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် ။
 
2011 ခုနှစ်ရောက်သည့်အချိန်တွင် မူ အစိုးရမှ နိုင်ငံတွင်း တရားမဝင်အလုပ်သမား များပြားလာမှု့နဲ့ 6P လို့ခေါ်တဲ့ တရားမဝင်အလုပ်သမားများအားလုံးကို အဆင့် ၆ ဆင့်ရှိတဲ့ စီမံချက်နဲ့ ပြန်လည် တရားဝင်ခန့်ထားခြင်း ၊ လွတ်ငြိမ်းခွင့်နဲ့ မလေးရှားနိုင်ငံမှ တရားဝင်ထွက်ခွာခွင့်ပြုခြင်း စတဲ့ ကြော်ငြာချက်များနဲ့အတူ အလုပ်သမားများရဲ့ အစိုးရခွန် လဲဗီးကို အလုပ်ရှင်များမှ ဆောင်စေရန် သတ်မှတ်ခဲ့ပြန်ပါတယ် ။
 
ယခု 30.1.2013 တွင်တော့ မလေးရှားအစိုးရဝန်ကြီးဌာနဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အစိုးရကက်ဘိနက် အဖွဲ့အစည်းများမှ ပြန်လည်ကြော်ငြာချက်ထုတ်တာကတော့ အလုပ်သမားများ ရဲ့ Levy ကြေးကို အလုပ်သမားများကသာ ဆောင်စေရန်ဖြစ်ပြန်ပါတယ်ခင်ဗျာ။
 
Levy သတ်မှတ်ချက်အရ နိုင်ငံခြားသား အလုပ်သမားအတွက် အနည်းဆုံးအခြေခံလစာကို ၉၀၀ လို့သတ်မှတ်ထားပြီး ထို လစာ တစ်လ 900 မှ စိုက်ပျိုးရေး အလုပ်သမားများအတွက် 5% မှနေ ဝန်ဆောင်မှု့လုပ်ငန်း(Service) အထိ 17 % သတ်မှတ်ကောက်ခံမှာဖြစ်ကြောင်းလဲ သိရပါတယ် ။
 
အဆိုပါသတင်းအတွက် အတည်ပြုနိုင်သလို အခြေခံလစာ ၉၀၀ ကိုလည်းအတည်ပြုပြီဖြစ်ပါတယ် ။ သို့အတွက် နိုင်ငံတွင်း အလုပ်ရှင်များ ၊ စက်ရုံများ ၊ နိုင်ငံခြားသား အလုပ်သမားများကြား လှုပ်ခတ်မှု့များစွာဖြစ်ခဲ့ပြီး ဒုတိယအနေဖြင့် လစာ မလေးရှားငွေ လစာ ၃၀၀၀ ကျော်သော အသက်မွေးဝမ်းကြောင်းပညာရှင်များ အတွက်မူ မလေးရှားနိုင်ငံသား အလုပ်ရှင်များမှ ထပ်တိုး အခွန်ဆောင်ရမည် ဖြစ်ကြောင်းလဲ ကြော်ငြာချက်မှာ အတည်ပြုထားသည်ကို တွေ့ရမည်ဖြစ်ပါတယ် ။
 
အဆိုပါ အချက်အရ ယခင် EP လို့ခေါ်တဲ့ Employ Pass ပါမစ်ကိုင်ဆောင်ထားသူ နိုင်ငံခြားသား များအတွက် လဲဗီးကြေးမဟုတ်တဲ့ အပိုခွန်ကို အလုပ်ရှင်များမှတဆင့်ပေးဆောင်ရမည်ဖြစ်ပါတယ် ။ ယခင်ကလည်းထိုအခွန်ကို အလုပ်ရှင်းများမှပေးဆောင်ရပေမည့် ယခု ပြန်လည် ထပ်မံအတည်ပြုခြင်းသာဖြစ်ကြောင်း သိရပါတယ် 
ထိုသို့နိုင်ငံခြားသား အလုပ်သမားများအပေါ် လဲဗီးကြေး ပြန်လည်ဆောင်စေမှု့အတွက် မလေးရှားနိုင်ငံရဲ့ အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းဖြစ်တဲ့  Tenaganita( Protecting & promoting the rights of women, migrants & refugees ) မှ Dr Irene Fernandez တစ်ယောက်ကတော့ လက်မှတ်ထိုး ကန့်ကွက်ထားခဲ့ပြီး ၊ ဒါက မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားသာ အလုပ်သမားအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် မလေးရှားနိုင်ငံခြားသား အလုပ်သမားဈေးကွက်ကို စိန်ခေါ်မှု့တစ်ခုဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ် ။
 
အဆိုပါ ဒေါက်တာ ရန်နီးဖာနန်းဒတ် ရဲ့ ကန့်ကွက်စာကို အောက်ပါလင့်မှာ ဆက်လက်ကြည့်ရှု့နိုင်သလို မြန်မာအလုပ်သမားများ ရဲ့ မတရားမှု့များအတွက် တရားဝင်တိုင်ကြားလိုပါက အခမဲ့ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းလဲ မြန်မာ နိုင်ငံသားများကို ဆက်လက်အသိပေးရပါတယ် ။ ဧဒင်ဥယျာဉ်ရဲ့ အလုပ်သမားများအပေါ် ကူညီနိုင်ခဲ့တဲ့အကြောင်းကလဲ ထိုအဖွဲ့အစည်းများရဲ့ ထောက်ပံမှု့ကြောင့်ပင်ဖြစ်ပါတယ်ခင်ဗျာ ။ 
 
ဒေါက်တာ Irene Fernandez ဦးစီးသော TENAGANITA NGO FACEBOOK PAGE သို့သ...
ဆက်လက်ပြီး Free Malaysia အွန်လိုင်းသတင်းဌာနကလဲ အဆိုပါ  TENAGANITA NGO အဖွဲ့ရဲ့ ကန့်ကွက်ထောက်ပြမှု့များကို သူတို့ အင်တာနက်စာမျက်နှာမှာ ဆက်လက်တင်ဆက်ပေးခဲ့တာကိုလဲ တွေ့ရပါတယ်ခင်ဗျာ ။
Free Malaysia အွန်လိုင်းသတင်းဌာန ရဲ့ သတင်းဖတ်ရန် ကလစ်ပါ
သို့ပါသောကြောင့် ယနေ့ အများပြောလျှက်ရှိသော မလေးရှားနိုင်ငံတွင်းရှိ နိုင်ငံခြားသား များအတွက် လဲဗီးဥပဒေကို ပြင်ဆင်ခြင်းအား မလေးရှားရောက် မြန်မာအလုပ်သမားများအားလုံး သိရှိနိုင်ရန်အတွက် တစ်ကြောင်း ထပ်မံပြီး နိုင်ငံခြားအလုပ်သမားများအတွက် အနည်းဆုံးအခြေခံလစာ မှာ ၉၀၀ ဖြစ်ကြောင်းကိုလည်း အတည်ပြုနိုင်ကြောင်း ကို ယခုဘလော့ဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများအား အသိပေးအကြောင်းရပါသည်ခင်ဗျာ ။
ဧဒင်ဥယျာဉ်မှ ဥယျာဉ်မှုး၏ပို့စ်ကိုပြန်လည်ကူးယူဖော်ပြပါသည်။
‎ မလေးရှားရောက် မြန်မာနိုင်ငံသားအားလုံး သိရှိနိုင်ရန်အတွက် အထူုးသတင်းဖြစ်တဲ့လဲဗီးကြေးကို အလုပ်သမားများမှ ပေးဆောင်ရမည်ဆိုသော ကြော်ငြာချက် နှင့် နောက်ဆက်တွဲ သတင်းများကို ဘာသာပြန်တင်ဆက်ပေးရခြင်းဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ 30.1.2013 ဗုဒ္ဒဟူးနေ့မှာ မလေရှားနိုင်ငံ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Datuk Seri Ahmad Husni Hanadzlah ကကြော်ငြာသွားခဲ့တာအမှန်ပင်ဖြစ်ပါတယ် ။ လက်ရှိ နိုင်ငံခြားသား အလုပ်သမားများအားလုံးရရှိတဲံ့ အခြေခံလစာရဲ့ 17 % ဖြစ်တဲ့ အခွန်အခကို အစိုးရခွန်အဖြစ်ကောက်ခံတဲ့

လဲဗီးကြေး (LEVY) ကို 1992 ခုနှစ်မှာစတင်ကောက်ခံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ 2009 ခုနှစ်အထိ ထိုဥအဒေ မလေးရှားနိုင်ငံမှာ တည်ရှိခဲ့တာဖြစ်ပါတယ် ။ 2009 ခုနှစ်မှာတော့ လဲဗီးကြေးကောက်ခံမှု့ ပမာဏ ကျဆင်းလာခဲ့ပြီး မလေးရှားနိုင်ငံတွင်းမှာ တရားမဝင်အလုပ်သမားများပြားခဲ့ကာ လဲဗီးကြေး ပြဿနာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် ။

2011 ခုနှစ်ရောက်သည့်အချိန်တွင် မူ အစိုးရမှ နိုင်ငံတွင်း တရားမဝင်အလုပ်သမား များပြားလာမှု့နဲ့ 6P လို့ခေါ်တဲ့ တရားမဝင်အလုပ်သမားများအားလုံးကို အဆင့် ၆ ဆင့်ရှိတဲ့ စီမံချက်နဲ့ ပြန်လည် တရားဝင်ခန့်ထားခြင်း ၊ လွတ်ငြိမ်းခွင့်နဲ့ မလေးရှားနိုင်ငံမှ တရားဝင်ထွက်ခွာခွင့်ပြုခြင်း စတဲ့ ကြော်ငြာချက် များနဲ့အတူ အလုပ်သမားများရဲ့ အစိုးရခွန် လဲဗီးကို အလုပ်ရှင်များမှ ဆောင်စေရန် သတ်မှတ်ခဲ့ပြန်ပါတယ်

ယခု 30.1.2013 တွင်တော့ မလေးရှားအစိုးရဝန်ကြီးဌာနဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အစိုးရကက်ဘိနက် အဖွဲ့အစည်းများမှ ပြန်လည်ကြော်ငြာချက်ထုတ်တာကတော့ အလုပ်သမားများ ရဲ့ Levy ကြေးကို အလုပ်သမားများကသာ ဆောင်စေရန်ဖြစ်ပြန်ပါတယ်ခင်ဗျာ။

Levy သတ်မှတ်ချက်အရ နိုင်ငံခြားသား အလုပ်သမားအတွက် အနည်းဆုံးအခြေခံလစာကို ၉၀၀ လို့သတ်မှတ်ထားပြီး ထို လစာ တစ်လ 900 မှ စိုက်ပျိုးရေး အလုပ်သမားများအတွက် 5% မှနေ ဝန်ဆောင်မှု့လုပ်ငန်း(Service) အထိ 17 % သတ်မှတ်ကောက်ခံမှာဖြစ်ကြောင်းလဲ သိရပါတယ် ။

အဆိုပါသတင်းအတွက် အတည်ပြုနိုင်သလို အခြေခံလစာ ၉၀၀ ကိုလည်းအတည်ပြုပြီဖြစ်ပါတယ် ။ သို့အတွက် နိုင်ငံတွင်း အလုပ်ရှင်များ ၊ စက်ရုံများ ၊ နိုင်ငံခြားသား အလုပ်သမားများကြား လှုပ်ခတ်မှု့များစွာဖြစ်ခဲ့ပြီး ဒုတိယအနေဖြင့် လစာ မလေးရှားငွေ လစာ ၃၀၀၀ ကျော်သော အသက်မွေးဝမ်းကြောင်းပညာရှင်များ အတွက်မူ မလေးရှားနိုင်ငံသား အလုပ်ရှင်များမှ ထပ်တိုး အခွန်ဆောင်ရမည် ဖြစ်ကြောင်းလဲ ကြော်ငြာချက်မှာ အတည်ပြုထားသည်ကို တွေ့ရမည်ဖြစ်ပါတယ် ။

အဆိုပါ အချက်အရ ယခင် EP လို့ခေါ်တဲ့ Employ Pass ပါမစ်ကိုင်ဆောင်ထားသူ နိုင်ငံခြားသား များအတွက် လဲဗီးကြေးမဟုတ်တဲ့ အပိုခွန်ကို အလုပ်ရှင်များမှတဆင့်ပေးဆောင်ရမည်ဖြစ်ပါတယ် ။ ယခင်ကလည်းထိုအခွန်ကို အလုပ်ရှင်းများမှပေးဆောင်ရပေမည့် ယခု ပြန်လည် ထပ်မံအတည်ပြုခြင်းသာဖြစ်ကြောင်း သိရပါတယ်
ထိုသို့နိုင်ငံခြားသား အလုပ်သမားများအပေါ် လဲဗီးကြေး ပြန်လည်ဆောင်စေမှု့အတွက် မလေးရှားနိုင်ငံရဲ့ အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းဖြစ်တဲ့ Tenaganita( Protecting & promoting the rights of women, migrants & refugees ) မှ Dr Irene Fernandez တစ်ယောက်ကတော့ လက်မှတ်ထိုး ကန့်ကွက်ထားခဲ့ပြီး ၊ ဒါက မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားသာ အလုပ်သမားအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် မလေးရှားနိုင်ငံခြားသား အလုပ်သမားဈေးကွက်ကို စိန်ခေါ်မှု့တစ်ခုဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ် ။

အဆိုပါ ဒေါက်တာ ရန်နီးဖာနန်းဒတ် ရဲ့ ကန့်ကွက်စာကို အောက်ပါလင့်မှာ ဆက်လက်ကြည့်ရှု့ နိုင်သလို မြန်မာအလုပ်သမားများ ရဲ့ မတရားမှု့များအတွက် တရားဝင်တိုင်ကြားလိုပါက အခမဲ့ဆောင်ရွက်ပေး တဲ့ အဖွဲ့အစည်းဖြစ်ကြောင်းလဲ မြန်မာ နိုင်ငံသားများကို ဆက်လက်အသိပေး ရပါတယ် ။ ဧဒင်ဥယျာဉ်ရဲ့ အလုပ်သမားများအပေါ် ကူညီနိုင်ခဲ့တဲ့အကြောင်းကလဲ ထိုအဖွဲ့အစည်းများ ရဲ့ ထောက်ပံမှု့ကြောင့်ပင်ဖြစ်ပါတယ်ခင်ဗျာ ။

ဒေါက်တာ Irene Fernandez ဦးစီးသော TENAGANITA NGO FACEBOOK PAGE သို့သ...
ဆက်လက်ပြီး Free Malaysia အွန်လိုင်းသတင်းဌာနကလဲ အဆိုပါ TENAGANITA NGO အဖွဲ့ရဲ့ ကန့်ကွက်ထောက်ပြမှု့များကို သူတို့ အင်တာနက်စာမျက်နှာမှာ ဆက်လက်တင်ဆက်ပေးခဲ့တာ ကိုလဲ တွေ့ရပါတယ်ခင်ဗျာ ။
Free Malaysia အွန်လိုင်းသတင်းဌာန ရဲ့ သတင်းဖတ်ရန် ကလစ်ပါသို့ပါသောကြောင့် ယနေ့ အများပြောလျှက်ရှိသော မလေးရှားနိုင်ငံတွင်းရှိ နိုင်ငံခြားသား များအတွက် လဲဗီးဥပဒေကို ပြင်ဆင်ခြင်းအား မလေးရှားရောက် မြန်မာအလုပ်သမားများအားလုံး သိရှိနိုင်ရန်အတွက် တစ်ကြောင်း ထပ်မံပြီး နိုင်ငံခြား အလုပ်သမားများအတွက် အနည်းဆုံးအခြေခံလစာ မှာ ၉၀၀ ဖြစ်ကြောင်းကိုလည်း အတည်ပြုနိုင်ကြောင်း ကို ယခုဘလော့ဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများအား အသိပေးအကြောင်းရပါသည်ခင်ဗျာ ။
ဧဒင်ဥယျာဉ်မှ ဥယျာဉ်မှုး၏ပို့စ်ကိုပြန်လည်ကူးယူဖော်ပြပါသည်။

No comments:

Post a Comment