Sunday, February 3, 2013

လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ခန့်က မာယာလူမျိုးစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တရားခံတစ်ဦးဖြစ်သူ ဂွာတီမာလာနိုင်ငံရဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ကို တရားစွဲဆိုလိုက်ပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ခန့်က မာယာလူမျိုးစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တရားခံတစ်ဦးဖြစ်သူ ဂွာတီမာလာနိုင်ငံရဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ကို တရားစွဲဆိုလိုက်ပါပြီ။

ဂွာတီမာလာနိုင်ငံ တရားရုံးတော်က ၁၉၈၂-၈၃ ခုနှစ်များအတွင်း မာယာလူမျိုးစု ၁၇၅၀ ကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့မှုနဲ့ပက်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ ကို တရားရင်ဆိုင်ရန် ရုံးတော်မှ ၂၀၁၃ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ဆင့်ခေါ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြိးဟောင်း တစ်ဦးလည်း ဖြစ်တဲ့ `အစ်ဖရိုင်း ရီရော့ မော့တ်´ ဟာ ခုချိန်မှာ အသက် ၈၆ နှစ်အရွယ် ရှိနေပါပြီ။

ထူးခြားတာက ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် အမှုဖွင့်သူဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံး မဟုတ်ဘဲ ပြည်တွင်းတရားရုံးတော် ဖြစ်နေတာပါ။ ဂွာတီမာလာမြို့တော်တရားရုံးက တရားစွဲဆိုတဲ့ သတင်း ထုတ်ပြန်လိုက်ပြီးတဲ့နောက် မာယာလူမျိုးတွေဟာ လမ်းမတွေပေါ်ထွက်ပြီး ပျော်ရွင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။

ဗဟိုတောင်အမေရိကတိုက်ရှိ နိုင်ငံတစ်ခုဖြစ်တဲ့ ဂွာတီမာလာနိုင်ငံဟာ ၃၆ နှစ်ကြာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာမှ အဆုံးသတ်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေဟာ UN ရဲ့ ခန့်မှန်းချက်အရ  နှစ်သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ရက်အင်ဒီးယန်းတွေဖြစ်တဲ့ မာယာလူမျိုးတွေဟာ ခါးသီးလှတဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု အမျိုးမျိုးကို ခံခဲ့ကြရတဲ့အပြင် ပြည်တွင်းစစ်နဲ့မသက်ဆိုင်ဘဲ အချောင် အသတ်ခံ ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မာယာလူမျိုးစုတွေနေတဲ့ ကျေးရွာ ရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံကြရကာ လူသန်းနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ် .. 

စိတ်ဝင်စားရင် အောက်ပါ လင့်တွေ သွားဖတ်လို့ရပါတယ်။

http://au.news.yahoo.com/thewest/a/-/news/15977336/guatemala-ex-dictator-to-be-tried-for-genocide/

http://www.thejakartaglobe.com/afp/guatemala-ex-dictator-to-be-tried-for-genocide/568283
http://www.wmd.org/resources/whats-being-done/political-participation-minority-peoples/maya-indian-community-guatemala


လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်တွေ၊ လူသတ်တရားခံ တွေရဲ့ နောက်ဆုံးလားရာ လမ်းကြောင်းတွေကတော့ သင်ခန်းစာယူတတ်ရင် အများကြီးပါ။ အချိန်တွေကြာသွားရင် ပျောက်ကွယ် သွားလိမ့်မယ်လို့ ယူဆနေသူတွေလည်း သတိပြုသင့်ပါတယ်။

ဂွာတီမာလာနိုင်ငံ တရားရုံးတော်က ၁၉၈၂-၈၃ ခုနှစ်များအတွင်း မာယာလူမျိုးစု ၁၇၅၀ ကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့မှုနဲ့ပက်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အာဏာရှင်ဟောင်း `အစ်ဖရိုင်း ရီရော့ မော့တ်´ ကို တရားရင်ဆိုင်ရန် ရုံးတော်မှ ၂၀၁၃ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ဆင့်ခေါ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြိးဟောင်း တစ်ဦးလည်း ဖြစ်တဲ့ `အစ်ဖရိုင်း ရီရော့ မော့တ်´ ဟာ ခုချိန်မှာ အသက် ၈၆ နှစ်အရွယ်

ရှိနေပါပြီ။

ထူးခြားတာက ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် အမှုဖွင့်သူဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံး မဟုတ်ဘဲ ပြည်တွင်းတရားရုံးတော် ဖြစ်နေတာပါ။ ဂွာတီမာလာမြို့တော်တရားရုံးက တရားစွဲဆိုတဲ့ သတင်း ထုတ်ပြန်လိုက်ပြီးတဲ့နောက်မာယာလူမျိုးတွေဟာ မ်းမတွေပေါ်ထွက်ပြီး ပျော်ရွင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။

ဗဟိုတောင်အမေရိကတိုက်ရှိ နိုင်ငံတစ်ခုဖြစ်တဲ့ ဂွာတီမာလာနိုင်ငံဟာ ၃၆ နှစ်ကြာ ပြည်တွင်း စစ်ကြီးဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာမှ အဆုံးသတ်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေဟာ UN ရဲ့ ခန့်မှန်းချက်အရ နှစ်သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ရက်အင်ဒီးယန်းတွေဖြစ်တဲ့ မာယာ လူမျိုးတွေဟာ ခါးသီးလှတဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု အမျိုးမျိုးကို ခံခဲ့ကြရတဲ့ အပြင် ပြည်တွင်းစစ်နဲ့မသက်ဆိုင်ဘဲ အချောင် အသတ်ခံ ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မာယာလူမျိုးစုတွေနေ တဲ့ ကျေးရွာ ရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံကြရကာ လူသန်းနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ် ..

စိတ်ဝင်စားရင် အောက်ပါ လင့်တွေ သွားဖတ်လို့ရပါတယ်။

http://au.news.yahoo.com/thewest/a/-/news/15977336/guatemala-ex-dictator-to-be-tried-for-genocide/

http://www.thejakartaglobe.com/afp/guatemala-ex-dictator-to-be-tried-for-genocide/568283
http://www.wmd.org/resources/whats-being-done/political-participation-minority-peoples/maya-indian-community-guatemala

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်တွေ၊ လူသတ်တရားခံ တွေရဲ့ နောက်ဆုံးလားရာ လမ်းကြောင်းတွေကတော့ သင်ခန်းစာယူတတ်ရင် အများကြီးပါ။ အချိန်တွေကြာသွားရင် ပျောက်ကွယ် သွားလိမ့်မယ်လို့ ယူဆနေသူတွေလည်း သတိပြုသင့်ပါတယ်။

No comments:

Post a Comment