Sunday, February 3, 2013

အမှတ် ၃ သံမဏိ စက်ရုံ တွင် မီးလောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာ နိုင်ငံ၏ ယာဉ်အို ယာဉ်ဟောင်း များ၏ အဆုံးသတ် နေရာ ဖြစ်သည့် ရန်ကုန် မြို့တော် ရှိ အမှတ် ၃ သံမဏိ စက်ရုံတွင် ဖေဖော်ဝါရီ လ ၁ ရက် ညနေ ၅နာရီ ၂၅ မိနစ် ၌ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ စက်ရုံမှာ အင်းစိန် မြို့နယ်၊ ရွာမ အနောက် ရပ်ကွက်၊ ပုလဲလမ်း တွင် တည်ရှိပြီး နောက်တစ်နေ့တွင် သံရည် ကျိုရန် ယာဉ်ဟောင်း တစ်စီး ကို ထောင်ထားရာ ဆီတိုင်ကီ အတွင်းရှိ ဆီကျန် အချို့ မှ ဖြတ်ထားသော အပူရှိန် ရှိသော သံပြားပေါ် ကျရာမှ မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း အဆိုပါ ဌာန ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ မီးမှာ ၂၇ မိနစ်ကြာ လောင်ကျွမ်းခဲ့ရာ ယာဉ်အို ယာဉ်ဟောင်း လေးစီး မီးလောင် ဆုံးရှုံး ခဲ့ပြီး၊ မီးငြိမ်း သတ်ယာဉ် ၁၅ စီး၊ မီးသတ် စက်ယာဉ် ၂စီး၊ ကွပ်ကဲယာဉ် ၄စီး နှင့် မီးသတ် တပ်ဖွဲ့ဝင် အယောက် ၁၅၀ခန့် ဖြင့် ငြိမ်းသတ် ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန ထံမှ သိရသည်။

No comments:

Post a Comment