မြန်မာနိုင်ငံ၏ ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို ပဲရစ်ကလပ်က လျှော်ပေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံ၏ ကြွေးရှင်နိုင်ငံ ၁၁နိုင်ငံ ပါဝင်သည့် ပြင်သစ် အခြေစိုက်
ပဲရစ်ကလပ် သည် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို
လျှော်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးစိုးသိန်း က
ယနေ့ စက်မှုဝန်ကြီးရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
မြန်မာနိုင်ငံကို ကြွေးမြီ လျှော်ပေးသည့် နိုင်ငံများတွင် နော်ဝေနိုင်ငံ
၁၀၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ ၆၀ ရာခိုင်နှုန်း တို့ဖြစ်ပြီး ကျန်ရှိ
နေသေးသော ၉ နိုင်ငံ ကိုလည်း ကြွေးမြီ များ လျှော်ပေး ရန် ပြောဆို ထားကြောင်း
၎င်းက ရှင်းပြသည်။
No comments:
Post a Comment