Sunday, February 3, 2013

လှိုင်သာယာတွင် အိမ်ခြေ ၄၀ ကျော်မီးလောင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

လှိုင်သာယာမြို့နယ် အမှတ်( ၅ )ရပ်ကွက်ရှိ မြရိပ်ညို ၅လမ်းမှ စတင် လောင်ကျွမ်းခဲ့သည့် မီးသည်၊့မြရိပ်ညို ၆လမ်း ၊ ၈ လမ်းနှင့် ၉ လမ်း တို့ ရှိ လူနေအိမ်များကို ကူးစက်လောင်ကျွမ်းခဲ့ ပြီး လူနေအိမ် ၄၀ ကျော် လောင်ကျွမ်းပျက်စီးခဲ့ကြောင်းလှိုင်သာယာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ကျမီးသတ် အရာရှိတစ်ဦး က ပြောကြားသည်။

အဆိုပါ လူနေ ၄၀ ကျော်လောင်ကျွမ်းခဲ့သည် မီးသည် ယနေ့ညနေ ၇နာရီ ခန့်တွင် စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၈နာရီ အချိန်တွင် မီးငြိမ်းကာ တစ်နာရီ ကြာလောင်ကြွမ်းခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“ဘာကြောင့်မီးလောင်တယ်ဆိုတာမသိရသေးဘူး “ ဟု ၄င်းကဆိုသည်။

အဆိုပါ ရပ်ကွက်တွင် လှိုင်သာယာစက်မှုဇုံအလုပ်သမားများနေထိုင်သည့် အဆောင်များရှိပြီး ၊ လှိုင်သာယာ စက်မှုဇုန် ၂ အနီးနားမှာရှိကြောင်း ယင်းရပ်ကွက်အ တွင်းနေထိုင်သူများကဆိုသည်။

No comments:

Post a Comment