Sunday, February 3, 2013

တန်ဖိုးနည်းအိမ်ရာ တစ်ခန်းလျှင် သိန်းနှစ်ရာ ဝန်းကျင်ဖြင့် ရောင်းချမည် ဟုဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဆောက်လုပ်လျက် ရှိသော တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ပြီးစီးပါက အိမ်ခန်း တစ်ခန်းလျှင် ၁၈၅ သိန်းကျပ်မှ သိန်း ၂၀၀ ကျပ်ကြား ဖြင့် ရောင်း ချ ပေး သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ၊ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ယနေ့ (ဖေဖော်ဝါရီ ၃ရက်နေ့) တွင် သတင်း မီဒီယာ များနှင့် တွေ့ ဆုံစဉ် ပြောကြားသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းသည် အိမ်ခန်းပေါင်း တစ်သောင်း ကိုးထောင်ခန့် ပါဝင်မည့် ၁၈ထပ် အဆောက်အဦးကို စီမံကိန်း နှစ်နေရာ ခွဲ၍ ဆောက်လုပ် နေပြီဖြစ်သည်။

No comments:

Post a Comment