Saturday, February 2, 2013

ဝံသာနု ရက္ခိတ စနေ လူငယ်များအသင်း၏ တိုက်တွန်း နှိုးဆော်လွှာ

"National Patriotic Saturday Youth Association (N.P.S.Y.A)"

သာသနာနှစ် ၂၅၅၆
ရက်စွဲ။ ၁၃၇၄-ခုနှစ် ၊ ပြာသိုလဆုတ် (၇)ရက် ။
၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်။
၁။ အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် ၀ံသာနု ရက္ခိတ စနေလူငယ် အသင်းကို ကျစ်လစ်ခိုင်မာစွာ        ဖွဲ့ စည်းနိုင်စေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၂။ ဤအဖွဲ့ အစည်းတွင် ပါဝင်ကြသော ရဟန်းရှင်လူ မျိုးချစ်တိုင်းရင်းသားပြည်သူများ အတူတကွ ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက် နိုင်ရန် တိုက်တွန်း နှိုးဆော်ပါသည်။
၃။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀ံသာနုရက္ခိတအသင်းများ ပေါ်ပေါက်လာစေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၎။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် အမျိုး ၊ ဘာသာ၊ သာသနာ ကို ကာကွယ်စောင့်ရှောက်နိုင်သည့် ခိုင်မာသော ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၅။ ၀ံသာနု ရက္ခိတအသင်းများ ရေရှည်တည်တံ့နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်များမှ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် လက်ဆင့်ကမ်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်း နှိုးဆော်ပါသည်။
ဝံသာနုရက္ခိတ စနေ လူငယ်များအသင်း

No comments:

Post a Comment