Saturday, February 2, 2013

ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲပွဲ ကျင်းပမည်

စစ်တွေ ၊ ၃-၂-၂၀၁၃

ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကြီးကို လာမည့် ဖေဖောဝါရီ ၂၃ ရက်မှ ၂၅ ရက်နေ့ အထိ ( ၁၃၇၄ ခု တပို့တွဲ လဆန်း ၁၃ ရက်မှ တပို့တွဲ လပြည့်နေ့ အထိ ) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ ရွာကြီးတောင် ရပ်ကွက်ရှိ ၀င်္ကဘာကွင်း တွင် ရိုးရာ ရထားဆွဲပွဲတော် ဖြစ်မြောက်ရေး ကော်မတီမှ ဦးဆောင်၍ အစဉ်အလာ မပျက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ရထားဆွဲပွဲ ကျင်းပမည့် ရထားကို သစ်သားဘောင် များဖြင့် ခိုင်ခံ့အောင် ပြုလုပ်ရပြီး အောက်ဘက်တွင် ဘီးတပ်ထား ရကြောင်း ၊ အလယ်တွင် အလံ နှင့် ၀ါးပင်များ စိုက်ထားလေ့ ရှိကာ တစ်ရပ်ကွက် နှင့် တစ်ရပ်ကွက် ၊ တစ်ရွာ နှင့် တစ်ရွာ ကြိုးဖြင့် အပြိုင် ဆွဲရသော အားပြိုင်ပွဲ ဖြစ်သကဲ့သို့ ပျော်ရွှင် ကြည်နူးစဖွယ် သံချပ်များကို အပြန်အလှန် ထိုးကြလေ့ ရှိကြောင်း သိရသည်။

ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို မြောက်ဦးခေတ် ဘုရင် မင်းဘာကြီး လက်ထက်တွင် စတင် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ကြောင်း ၊ တိုင်းပြည် နိုင်ငံအတွက် အသက်စွန့်လှူ သွားခဲ့သော အသျှင် ဦးမြ၀ါ ကို ဂုဏ်ပြုသော အားဖြင့် ကျင်းပခဲ့ရာ မှ နောင်တွင် တပို့တွဲလ ရောက်တိုင်း ရိုးရာ အားကစား တစ်ရပ်အဖြစ် ကျင်းပ ခဲ့သည်ကို မှတ်တမ်းများ အရ သိရှိရသည်။

No comments:

Post a Comment