Wednesday, January 30, 2013

လိုက်ဖက်အောင် စဉ်းစား ဆင်ခြင်ပြီ ယူပါ

ကျွန်တော့်ပတ်ဝန်းကျင်က မွတ်စလင်မ်မိန်းခလေးတစ်ယောက် ဘာသာခြားကိုယူပြီး အခုမှနောင်တရနေ တယ်။ အချို့မွတ်စလင်မ်မိန်းကလေးတွေ မဆင်မခြင် ယောက်ကျားယူတတ်ကြတာ ကိုတွေ့နေရပါ
တယ်။ အိမ် ထောင်မပြုမီက ကိုယ်ယူမယ့် ယောက်ျားက ဘယ်လိုယောက်ျားလဲ။ ကိုယ် နဲ့ ဘာသာတူရဲ့လား။ အနေအထိုင်တူရဲ့လား။ စသဖြင့် လေ့လာသုံးသပ်ခြင်းမရှိကြပါ။ ယူပြီးမှဝမ်းနည်းပက်လက်ဖြစ်ကြတယ်။ မိန်း ကလေးဆိုတာက ယောက်ကျားယူပြီး အပျိုပြန်မဖြစ်လာတော့ဘူး။ ဒီလိုနဲ့ မိမိဘဝကော မိမိယုံကြည်ချက်ကော၊ မိမိခန္ဓာကိုယ်ကိုပါ အရှုံးခံ၍ ပေးအပ်လိုက်ရတော့တယ်။
အိမ်ထောင်ပြုတယ်ဆိုတာ စိတ်ဆန္ဒတစ်ခုတည်းကို အခြေမခံပါ။ သာသနာရေး၊ အမျိုးသားရေး စတဲ့ နက်နဲတဲ့ သဘောတရားတွေ များစွာ ပါဝင်နေပါတယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းခလေးဖြစ်စေ ကိုယ်နဲ့ ဘာသာမတူသူကို ယူမိရင် မိမိရဲ့မူလဘာသာ အပေါ်မှာ ရပ်တည်နေနိုင်ဖို့ဆိုတာ အတော့ကိုခက်ခဲ သွားပါတယ်။ အဆုံးမှာဘာသာရေးပျက်စိးပြီဆိုရင် မိမိမှဆင်းသက်လာမယ့် မျိုးဆက်တစ်ခုလုံးကို ဖျက်စီးလိုက်ခြင်းပဲဖြစ်တယ်။ မိမိနဲ့နီးစပ်သူများကိုသတိပေးကြပါ။ ဘယ်မုစ်လင်မ်မိန်းခလေးမှ ဘာသာခြား ယောက်ျား ကို မယူကြပါနဲ့။ ဘယ်မုစ်လင်မ်ယောက်ျားလေးမှ ဘာသာခြားမိန်းခလေးကို မယူကြပါနဲ့။ မုစ်လင်မ်ယောက်ကျားလေးတွေက ဘာသာခြားမိန်းခလေးတွေကို နီးစပ်လို့ပဲဖြစ်စေ၊ ချစ်ကြိုက်မိလို့ပဲဖြစ်စေ အိမ်ထောင်ပြုကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မုစ်လင်မ်မိန်းခလေးတွေကို ဘယ်သူတွေယူမယ်ထင်လဲ။ နောက်ဆုံးမရတဲ့အဆုံး ဘာသာခြားလက်ထဲပဲပါသွားကြမှာပဲ။ ဒါ့ကြောင့် အိမ်ထောင်ပြုတဲ့နေရာမှာ စည်းကမ်းရှိဖို့ စီစဉ်တတ်ဖို့ အထူးပဲ လိုအပ်ပါတယ်။
အချို့မိန်းခလေးတွေဆိုရင် ကိုယ်ဝတ်မယ့်အ၀တ်အစားကို လိုက်ဖက်ညီအောင် ရွေးချယ်တတ်ကြတယ်။ အင်္ကျီဘယ်လိုအရောင်ဆိုရင် ထဘီက ဘယ်လိုအဆင် ဘယ်လိုအရောင်ဖြစ်ရမယ်။ ပိုက်ဆံအိပ်က ဘယ်လိုအရောင် ဘယ်လိုအမျိုးအစားဖြစ်ရမယ်။ ဖိနပ်ကလည်း ဘယ်လိုအရည်အသွေးရှိတဲ့ လိုက်ဖက်တဲ့ ဖိနပ်ဖြစ်ရမယ်။ တဆက်ဆည်းမှာပဲ ဒီလိုဝတ်စုံဝတ်မယ်ဆိုရင် မိတ်ကပ်က ဘယ်လိုအရောင်မျိုးဖြစ်ရမယ်။ စတဲ့ လိုက်ဖက်မှုကို အသေးစိတ်တစ်ကိုယ်လုံး တူညီအောင်စီမံတတ်ကြတယ်။ အဲဒီမိန်းခလေးတွေရဲ့ အိမ်ကိုသွားကြည့်ရင်လည်း အိမ်ရဲ့အပြင်အဆင်ပစ္စည်းပစ္စယ လိုက်ကာတွေကအစ သူ့ဟာနဲ့သူ လိုက်ဖက်ညီအောင် စီမံထားတတ်တာဟာ မြင်သူချီးကျူးရလောက်အောင်တော်ပါပေတယ်။
ဒါပေမယ့် မိမိခန္ဓာကိုယ်၊ မိမိအ၀တ်အစား၊ မိမိအိမ်၊ ပစ္စည်းများကို အဲဒီလောက်လိုက်ဖက်အောင် စီမံတတ်တဲ့မိန်းကလေးတွေဟာ မိမိဘဝနဲ့ လိုက်ဖက်မယ့် ဘဝအဖော်ကို မရွေးချယ်တတ်တာကတော့ အတော်ပဲအံ့ဩဖို့ကောင်းပါတယ်။
(by: Mg Nyan)

No comments:

Post a Comment