Wednesday, January 30, 2013

ကိုနေမျိုးဝေ ဒီမှတ်ချက်အတွက် မည်သို့မည်ပုံ တာဝန်ယူပေးနိုင်ပါမည်နည်း။

ကိုနေမျိုးဝေ ဒီမှတ်ချက်အတွက် မည်သို့မည်ပုံ တာဝန်ယူပေးနိုင်ပါမည်နည်း။
=========================================

ကျွန်ုပ်တို့ရဲ့ Burmese Muslim Youths For Human Rights and Justice အစည်းအရုံး (Group) ရဲ့ ဖိတ်ကြားလွှာထဲတွင် မည်သည့် ဘာသာသာသနာနဲ့ မည်သည့်လူမျိုးကိုမျှ ထိပါးပုတ်ခတ်ထားခြင်း မရှိချေ။ ယဉ်းကျေးသိမ်မွေ့စွာဖြင့် ပညာရှင်ဆန်ဆန် သမိုင်းစစ်၊ သမိုင်းမှန် ပေါ်ပေါက်ရေးအတွက် သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ(Debate) တစ်ပွဲသို့ တက်ရောက်ရန် တရားဝင် ဖိတ်ကြားခဲ့သော ဖိတ်ချက်ပင် ဖြစ်ပါသည်။ 

သို့သော် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဌ ကိုနေမျိုးဝေ၏ မှတ်ချက်များမှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် အခြား တည်ဆဲဥပဒေများကို မည်သို့မည်ပုံ ချိုးဖောက်နေ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်၊ ဆန့်ကျင်နေကြောင်းအား မြန်မာ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန် အချိန်မှီ Screen Shot ဖြင့် ရိုက်ယူ၍ ပြန်လည် တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။ လူကြီးမင်းအနေနှင့် မိမိ ရေးသားခဲ့သော ဤမှတ်ချက်များအတွက် ယောက်ျားပီသစွာ မည်သို့မည်ပုံ တာဝန်ယူနိုင်မည်ကို ကျွန်ုပ်တို့ အစည်းအရုံးမှ သိရှိလိုပါကြောင်းနှင့် ကိုနေမျိုးဝေ၏ ယင်းကြေညာချက်နှင့်ပတ်သက်၍ ရေးသားပြီးခဲ့သော မှတ်ချက်များအားလုံးကို ကောင်းမွန်စွာ သိမ်းဆည်းထားပြီး ဖြစ်ပါကြောင်း လေးစားစွာဖြင့် အကြောင်းကြားလိုက်ပါသည်။

လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ

ကျွန်ုပ်တို့ရဲ့ Burmese Muslim Youths For Human Rights and Justice အစည်းအရုံး (Group) ရဲ့ ဖိတ်ကြားလွှာထဲတွင် မည်သည့် ဘာသာသာသနာနဲ့ မည်သည့်လူမျိုးကိုမျှ ထိပါးပုတ်ခတ်ထားခြင်း မရှိချေ။ ယဉ်းကျေးသိမ်မွေ့စွာဖြင့် ပညာရှင်ဆန်ဆန် သမိုင်းစစ်၊ သမိုင်းမှန် ပေါ်ပေါက်ရေးအတွက် သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ(Debate) တစ်ပွဲသို့ တက်ရောက်ရန် တရားဝင် ဖိတ်ကြားခဲ့သော ဖိတ်ချက်ပင် ဖြစ်ပါသည်။

သို့သော် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဌ ကိုနေမျိုးဝေ၏ မှတ်ချက်များမှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် အခြား တည်ဆဲဥပဒေများကို မည်သို့မည်ပုံ ချိုးဖောက်နေ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်၊ ဆန့်ကျင်နေကြောင်းအား မြန်မာ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန် အချိန်မှီ Screen Shot ဖြင့် ရိုက်ယူ၍ ပြန်လည် တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။ လူကြီးမင်းအနေနှင့် မိမိ ရေးသားခဲ့သော ဤမှတ်ချက်များအတွက် ယောက်ျားပီသစွာ မည်သို့မည်ပုံ တာဝန်ယူနိုင်မည်ကို ကျွန်ုပ်တို့ အစည်းအရုံးမှ သိရှိလိုပါကြောင်းနှင့် ကိုနေမျိုးဝေ၏ ယင်းကြေညာချက်နှင့် ပတ်သက် ၍ ရေးသားပြီးခဲ့သော မှတ်ချက်များအားလုံးကို ကောင်းမွန်စွာ သိမ်းဆည်းထားပြီး ဖြစ် ပါကြောင်း လေးစား စွာဖြင့် အကြောင်းကြားလိုက်ပါသည်။

လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ

No comments:

Post a Comment