Sunday, February 3, 2013

“ မြန်မာအမျိုးသမီးလေးတွေမြန်မာမလေးတွေလိုလှစေချင် “

တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက် ရှိတယ်။သူ့မှာ သိပ်လှတဲ့မြေးမလေး တစ်ယောက် လည်းရှိတယ်။ အဘိုးအိုက မျက်လှည့်ပညာကို သိပ်ကျွမ်းကျင်တယ်။အဲဒီပညာနဲ့ပဲ အသက်မွေး ခဲ့ တယ်။တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ် တာတွေ ကြိုးကနေ မြွေဖြစ်တာတွေ စသည်ဖြင့် ပြကွက် ဆန်းတွေနဲ့ ပရိသတ် ကိုဖျော်ဖြေတယ်။

အားလုံးပြီးသွားရင် ပရိသတ်က စွန့်ကြဲတဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတစ်ခွန်းဆိုတယ်။"မျက်လှည့်ပညာဆိုတာ မှော်ပညာမပာုတ်လို့တန်ခိုးစွမ်းအားတွေမရှိပါဘူး။ လိမ်တာလည်း မပာုတ်ပါဘူး။မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေရှိပါတယ်။အဲဒီလျှို့ဝှက်ချက်တွေကို မသိလို့သာ ခင်ဗျားတို့ပာာ အထူးအဆန်းသဖွယ် လာရောက်ကြည့်ရှုခြင်းဖြစ်တယ်။ဒီနေ့ မျက်လှည့် ပညာရဲ့လျှို့ ၀ှက်ချက်တွေ ကိုပြပါမယ်။"

ပရိသတ်ပာာ အင်မတန်စိတ်ဝင်စားသွားတယ်။ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေကို ပြလိုက်တယ်။သိလည်းသွားရော-"သြော် ဒီလိုလုပ်တာ လား။ ဒါလေးများ။ "ပာုဆိုကြပြီးမျက်လှည့်ပညာကိုစိတ်မ၀င်စားတော့ ဘူး။ နောက် တစ်နေ့ မြေးမလေး ကိုခေါ်ပြီးမျက်လှည့်သွားပြသတဲ့။ပရိသတ် တစ်ယောက်မှ မလာတော့ပေ။"မြေးလေးရေ။ပရိသတ် တစ်ယောက်မှ မလာပါလား။ဘာဖြစ်လို့လဲ""အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေ သွားပြ လိုက်တာ ကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"

"အေးပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံးထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက်လည်းပြ လိုက်ရော ဘယ်သူမှ စိတ်မ၀င်စားတော့ဘူး။တန်ဖိုးမရှိဖြစ်ရပြီ။မြေးေးလေးလည်းမှတ်ထားပါ။မြေးလေးရဲ့ ခန္ဓာကိုယ် အလှတရားကို ဘယ်သူ့မှ မပြရဘူး။လျှို့ဝှက်ထားရမယ်။ဒါဆိုရင် မြေးလေးရဲ့ မိန်းကလေးအလှတရားပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘူး။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထား စိတ်ဝင်စားတာ။ဒါ့ကြောင့် အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ပါ။"အဘိုးအိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။မြန်မာ့သမီးပျိုတွေလည်း အဘိုးအိုရဲ့ စကားကို နားလည်နိုင်ပါစေ။

လေးစားစွာဖြင့်

No comments:

Post a Comment