Thursday, January 31, 2013

နိုင်ငံတော်သမ္မတကြီး၏ ဒုတိယအကြိမ်မြောက်ရေဒီယိုမိန့်ခွန်း၊(၂)

(တန်းဖိုးနည်း အိမ်ရာစီမံကိန်းများကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက် နေ ပြီ ဖြစ်၊ တခြားပြည်နယ်နဲ့ တခြားမြို့နယ်များမှာလည်း တန်းဖိုးနည်းအိမ်ရာမျာကို ဆက်လက် ဖော်ဆောင်သွား မှာဖြစ်)

ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူ အများစုဟာ စားဝတ်နေရေးအတွက် တစ်ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။

ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံစေမယ့် ကိုယ်ပိုင် အိမ်တစ်လုံးကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေရှိ ပါတယ်။

ဒီလိုအိမ်ပိုင်ရာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်းဖိုးနည်း အိမ်ရာစီမံကိန်းများကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက် နေ ပြီ ဖြစ်ပါတယ်။

တခြားပြည်နယ်နဲ့ တခြားမြို့နယ်များမှာလည်း တန်းဖိုးနည်းအိမ်ရာမျာကို ဆက်လက် ဖော်ဆောင်သွား မှာဖြစ် ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ်သားအင်အား အများစုဖြစ်တဲ့ တောင်သူလယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယာတစ်ဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုးစရိတ်အတွက် ပြည့်မီနိုင်ခြင်း မရှိတာကို သတိပြုမိပါတယ်။

တည်ဆဲ ဥပဒေများအရ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက် မိမိတို့ရဲ့ လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများ ချေးယူ စုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

လယ်ယာမြေလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာ ကတော့လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့် အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန်ဖြစ်ပါတယ်။

မိမိတို့ရဲ့ အဓိက ကုန်ထုတ်အရင်းအနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက် လာရန်လည်း မိမိတို့ရဲ့ လယ်မြေများကိုပြုပြင်ကြစေလိုပါတယ်။

ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့ရဲ့ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက် ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပင် လယ်ယာကဏ္ဍ ကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ တိုးတက်စေမယ့် ခေတ်မီလယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment