Wednesday, January 30, 2013

ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့်ခွန်း
____________________________
 
ကျမ ပါဝင်ခဲ့တဲ့  အခမ်းအနားတွေ အားလုံးထဲမှာ ဒီအခမ်းအနားကတော့ စိတ်ကို အလှုပ်ခတ်နိုင်ဆုံးနဲ့ အားတက်စရာအကောင်းဆုံးပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ အားကစားသက်သက်ကိုသာ ကျင်းပနေတာမဟုတ်ဘဲ  အရာအားလုံးထက်  ပို အရေးပါတဲ့ လူ့သားရဲ့ စိတ်ဓါတ်ခွန်အား ကြီးကျယ်မှုစွမ်းအား  (  supremacy of human spirit  )  ကိုပါ အသိအမှတ်ပြုကျင်းပပေးနေလို့ပါဘဲ ။
 
အဲဒီစိတ်ဓါတ်ခွန်အားဟာ ဗဟုသုတပညာ ၊ စိတ်ခံစားမှု ၊ စီးပွားရေး စတာတွေထက် ပိုပြီး အရေးကြီးတယ်ဆိုတာရယ် .......၊  '' မသန်စွမ်းသူဆိုတာ တကယ့်တကယ် ကိုယ်ခန္ဒာချွတ်ယွင်းနေသူတွေကိုသာ ခေါ်တာ မဟုတ်ဘဲ အဲလို ချွတ်ယွင်းနေသူတွေကို ကရုဏာမေတ္တာ မထားနိုင်သူတွေကိုပါ  ခေါ်တယ် '' ဆိုတာရယ်ကို လူကြီးမင်းတို့က ဒီကနေ ပြလိုက်တာပါဘဲ ။ 
 
မသန်းစွမ်းသူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ၊ နားလည်မှု မရှိတာတွေကို ကျမတို့အားလုံး အတူတကွ ကျော်လွှားနိုင်တယ်လို့ ဒီအခမ်းအနားကနေ သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ် ။ မသန်းစွမ်းမှုဆိုတာ ထာဝရ မကျော်လွှားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး ။ စိတ်ဓါတ်ဟာ ဘယ်လို မသန်စွမ်းမှုကိုမဆို ကျော်လွှားနိုင်စွမ်းရှိပါတယ်  ။
 
ဒီနေ့ ကျမတို့တတွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ခွန်အား ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကိုသာ အသိအမှတ်ပြုကျင်းပတာမဟုတ်ဘဲ လူသားတွေရဲ့စည်းလုံးမှု ဘယ်လောက်ကြီးမားတယ် ( The Supremacy of Human Solidarity )  ဆိုတာကိုလည်း  အသိအမှတ်ပြုကျင်းပနေကြတာ ဖြစ်ပါတယ် ။
 
ဒါကြောင့်ဘဲ ဒီအခမ်းအနားရဲ့ ဆောင်ပုဒ်ဖြစ်တဲ့  '' Together we can '' ဆိုတာကနေ ကျမတို့တွေဟာ အခွဲခြားခံရသူတွေ ၊ အားနည်းအောင်လုပ်ထားခြင်းခံရသူတွေကို တကမ္ဘာလုံးသိအောင် လှိုက်လှိုက်လှဲလှဲနဲ့ တညီတညွတ်ထဲ  အကူအညီပေးနေကြတာ ၊ ဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ တကယ်တော့ ဒီလူတွေကို သဘာဝတရားကြီးက အားနည်းအောင် လုပ်တာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းကိုယ်တိုင်က ခွဲခြားဆက်ဆံအားဖြင့် အားနည်းသိမ်ငယ်အောင် လုပ်ထားတာပါ ။ သူတို့ကို အားနည်းသူ အဖြစ်သတ်မှတ်ထားကြတယ် ၊ သူတို့ရဲ့ အားသာချက်ကို အရေးမပေးဘဲ သူတို့ရဲ့ အားနည်းချက်အပေါ် အာရုံထားခြင်းအားဖြင့် အားနည်းအောင် လုပ်ထားကြတာ ဖြစ်ပါတယ် ။
 
ဒီအိုလံပစ်ပွဲတော်ရဲ့ အခမ်းအနားမှုးက နိုင်တဲ့သူတွေထက် ရှုံးတဲ့သူတွေကို ဂုဏ်ပြုပေးမယ်ဆိုတော့ ကျမတစ်ခုကို သတိရမိပါတယ် ......တခါတုန်းက လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြေးပြီး နောက်ဆုံးမှ ပန်းဝင်တဲ့ ကလေးတစ်ယောက်က ''  ကျနော် နောက်ဆုံးက နိုင်တယ်  '' လို့ ပြုံးပြုံးလေး ပြောလိုက်တာကိုပါ ။  ကျမကတော့ အဲဒါကို ကောင်းလိုက်တာလို့ဘဲ တွေးမိပါတယ်......ရှေ့ဆုံးက ရှုံးရှုံး  ၊ နောက်ဆုံးကဘဲ နိုင်နိုင် အရေးမကြီးလှပါဘူး ။ အဓိကကတော့ စိတ်ဓါတ်ပါဘဲ ။
 
လူကြီးမင်းတို့တွေ အခက်အခဲ အမျိုးမျိုးကို ဘယ်လိုကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို လမ်းညွှန်ပြသခြင်းအားဖြင့် ကျမတို့ တိုင်းပြည်မှာလည်း လူကြီးမင်းတို့ အများကြီး လာရောက်ကူညီပေးကြလိမ့်မယ်လို့ ကျမ မျှော်လင့်ယုံကြည်ပါတယ် ။  ဒါကြောင့်ဘဲ လူကြီးမင်းတို့ကို ကျမ ကျေးဇူးတင်စကားပြောလိုပါတယ်.......ကျမတို့ ဘ၀လမ်းမှာ တွေ့မယ့် အခက်အခဲတိုင်း ၊ ဒုက္ခတိုင်း ဟာ ကျော်လွှားလို့ ရတယ်ဆိုတာကို နားလည်စေတဲ့အတွက်ပါ ။ ကျေးဇူးအထူးတင်ပါတယ် ။

Credit: Spring Flower
ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့်ခွန်း

ကျမ ပါဝင်ခဲ့တဲ့ အခမ်းအနားတွေ အားလုံးထဲမှာ ဒီအခမ်းအနားကတော့ စိတ်ကို အလှုပ်ခတ်နိုင်ဆုံးနဲ့ အားတက်စရာအကောင်းဆုံးပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ အားကစားသက်သက်ကိုသာ ကျင်းပနေတာမဟုတ် ဘဲ အရာအားလုံးထက် ပို အရေးပါတဲ့ လူ့သားရဲ့ စိတ်ဓါတ်ခွန်အား ကြီးကျယ်မှုစွမ်းအား ( supremacy of human spirit ) ကိုပါ အသိအမှတ်ပြုကျင်းပပေးနေလို့ပါဘဲ

အဲဒီစိတ်ဓါတ်ခွန်အားဟာ ဗဟုသုတပညာ ၊ စိတ်ခံစားမှု ၊ စီးပွားရေး စတာတွေထက် ပိုပြီး အရေးကြီးတယ်ဆိုတာရယ် .......၊ '' မသန်စွမ်းသူဆိုတာ တကယ့်တကယ် ကိုယ်ခန္ဒာချွတ်ယွင်းနေသူတွေ ကိုသာ ခေါ်တာ မဟုတ်ဘဲ အဲလို ချွတ်ယွင်းနေသူတွေကို ကရုဏာမေတ္တာ မထားနိုင်သူတွေကိုပါ ခေါ်တယ် '' ဆိုတာရယ်ကို လူကြီးမင်းတို့က ဒီကနေ ပြလိုက်တာပါဘဲ ။

မသန်းစွမ်းသူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ၊ နားလည်မှု မရှိတာတွေကို ကျမတို့အားလုံး အတူတကွ ကျော်လွှားနိုင်တယ်လို့ ဒီအခမ်းအနားကနေ သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ် ။ မသန်းစွမ်းမှုဆိုတာ ထာဝရ မကျော်လွှားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး ။ စိတ်ဓါတ်ဟာ ဘယ်လို မသန်စွမ်းမှုကိုမဆို ကျော်လွှားနိုင်စွမ်းရှိပါတယ် ။

ဒီနေ့ ကျမတို့တတွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ခွန်အား ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကိုသာ အသိအမှတ်ပြုကျင်းပတာမဟုတ်ဘဲ လူသားတွေရဲ့စည်းလုံးမှု ဘယ်လောက်ကြီးမားတယ် ( The Supremacy of Human Solidarity ) ဆိုတာကိုလည်း အသိအမှတ်ပြုကျင်းပနေကြတာ ဖြစ်ပါတယ် ။

ဒါကြောင့်ဘဲ ဒီအခမ်းအနားရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ '' Together we can '' ဆိုတာကနေ ကျမတို့တွေဟာ အခွဲခြားခံရသူတွေ ၊ အားနည်းအောင်လုပ်ထားခြင်းခံရသူတွေကို တကမ္ဘာလုံးသိအောင် လှိုက်လှိုက်လှဲလှဲ နဲ့ တညီတညွတ်ထဲ အကူအညီပေးနေကြတာ ၊ ဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ တကယ်တော့ ဒီလူတွေကို သဘာဝတရားကြီးက အားနည်းအောင် လုပ်တာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းကိုယ်တိုင်က ခွဲခြားဆက်ဆံ အားဖြင့် အားနည်းသိမ်ငယ်အောင် လုပ်ထားတာပါ ။ သူတို့ကို အားနည်းသူ အဖြစ်သတ်မှတ်ထားကြတယ် ၊ သူတို့ရဲ့ အားသာချက်ကို အရေးမပေးဘဲ သူတို့ရဲ့ အားနည်းချက်အပေါ် အာရုံထားခြင်းအားဖြင့် အားနည်းအောင် လုပ်ထားကြတာ ဖြစ်ပါတယ် ။

ဒီအိုလံပစ်ပွဲတော်ရဲ့ အခမ်းအနားမှုးက နိုင်တဲ့သူတွေထက် ရှုံးတဲ့သူတွေကို ဂုဏ်ပြုပေးမယ်ဆိုတော့ ကျမတစ်ခုကို သတိရမိပါတယ် ......တခါတုန်းက လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြေးပြီး နောက်ဆုံးမှ ပန်းဝင်တဲ့ ကလေးတစ်ယောက်က '' ကျနော် နောက်ဆုံးက နိုင်တယ် '' လို့ ပြုံးပြုံးလေး ပြောလိုက်တာကိုပါ ။ ကျမကတော့ အဲဒါကို ကောင်းလိုက်တာလို့ဘဲ တွေးမိပါတယ်......ရှေ့ဆုံးက ရှုံးရှုံး ၊ နောက်ဆုံးက ဘဲ နိုင်နိုင် အရေးမကြီးလှပါဘူး ။ အဓိကကတော့ စိတ်ဓါတ်ပါဘဲ ။

လူကြီးမင်းတို့တွေ အခက်အခဲ အမျိုးမျိုးကို ဘယ်လိုကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို လမ်းညွှန်ပြ သခြင်း အားဖြင့် ကျမတို့ တိုင်းပြည်မှာလည်း လူကြီးမင်းတို့ အများကြီး လာရောက် ကူညီပေးကြ လိမ့်မယ် လို့ ကျမ မျှော်လင့်ယုံကြည်ပါတယ် ။ ဒါကြောင့်ဘဲ လူကြီးမင်းတို့ကို ကျမ ကျေးဇူးတင် စကားပြောလိုပါတယ်.......ကျမတို့ ဘ၀လမ်းမှာ တွေ့မယ့် အခက်အခဲတိုင်း ၊ ဒုက္ခတိုင်း ဟာ ကျော်လွှားလို့ ရတယ်ဆိုတာကို နားလည်စေတဲ့အတွက်ပါ ။ ကျေးဇူးအထူးတင်ပါတယ် ။

No comments:

Post a Comment