Wednesday, January 30, 2013

ရခိုင်ရိုးမ နေပူတောင်ကွေ့မှ ထပ်ဆင့် သတိပေးသံ

********************************* 
Posted by danyawadi on January 30, 2013 

“ဝုန်း” ဆိုသော အသံကြောင့် သူနိုးလာသည်။ ရုတ်တရက် သူစီးလာသော လေအိတ်ကားက လမ်းဘေး နှစ်ပေခန့်မြင့်သော မြေသားထုကို ကျော်ပြီး ပေ ၁၀၀ ကျော်နက်သော ချောက်အတွင်းသို့ တစ်ရှိန်ထိုး ထိုးဆင်းနေသည်။ မြေသားထုကို ကျော်ပြီး ချောက်ထဲသို့ ထိုးကျစဉ် ကားပေါ်မှာ ခရီးသည် အမျိုးသမီးအချို့ နိုးလာကာ “ကားချောက်ထဲကျပြီ၊ ကားချောက်ထဲကျပြီ”ဟု အော်သံများ အပင်များနှင့် ထိရိုက် သံများ နှင့်အတူ တလိမ့်ခေါက်ကွေး ထိုးကျပြီး တောင်နံရံကမ်းပါးတစ်ခု နှင့်ထိကာ အရှိန် ရပ်သွားသည်။ ရခိုင်ရိုးမ၏ တိတ်ဆိတ်နေသောညမှာ ညည်းညူသံ၊ အကူအညီ အော်ဟစ် တောင်းခံ သံများဖြင့် လှုပ်ရှားလာသည်။
ရန်ကုန်မှ တောင်ကုတ်-သံတွဲ သို့ ပြေးဆွဲလာသော အောင်သစ္စာ ခရီး သည်တင် ယာဉ်သည် ဇန်နဝါရီ ၂၃ရက် နေ့ နံနက် ၂နာရီခန့် နေပူတောင် လမ်းကွေ့တွင် ချောက်ထဲ ထိုးကျသွား သည့် မြင်ကွင်းကို ယင်းယာဉ်တွင် လိုက်ပါ လာသော ခရီးသည် ဦးကျော်တင်က ပြန်လည် ပြောကြားခြင်း ဖြစ်သည်။
ရန်ကုန် – တောင်ကုတ် – သံတွဲ ပြေးဆွဲသော အောင်သစ္စာ အဝေးပြေး ယာဉ်သည် ဇန်နဝါရီ ၂၃ရက်နေ့ နံနက် ၂နာရီ ခန့်တွင် တောင်ကုတ်မြို့နှင့် မိုင် ၂၀ ခန့်အကွာ နေပူတောင်ရှိ ကားလမ်း အကွေ့တွင် ဘရိတ်ပေါက်ကာ အရှိန် မထိန်းနိုင်ဘဲ ပေ ၁၂၀ နက်သော ချောက်ထဲ ထိုးကျခဲ့သဖြင့် ယာဉ်မောင်း အပါ အဝင် ခရီးသည် ၁၄ဦး သေဆုံးကာ ၃၃ဦး ဒဏ်ရာရရှိခဲ့သည်။
ချောက်ထဲ ထိုးကျစဉ် အပင်များ နှင့် ထိကာ ချာလပတ်လည်ခဲ့ပြီး ယာဉ် ၏ ခေါင်းပိုင်းနှင့် တောင်နံရံ ကမ်းပါး တိုးမိကာ ကားအရှိန် ရပ်သွားခြင်းဖြစ် ကြောင်း ခရီးသည် အချို့ကဆိုသည်။ ချောက်ထဲ ထိုးကျမှု အရှိန်သေ သွားချိန်တွင် လူပုံအလယ်ကို ရောက် နေပြီး ယင်းလူများကို ဖယ်ကာ တောင်နံရံနှင့် ထိ၍ ကွဲနေသော ခေါင်းခန်း မှန်ပေါက်က ထွက်လာခဲ့ကြောင်း ဦးကျော်တင်က ၄င်း အတွေ့အကြုံကို ပြောကြား သည်။
“ဘယ်သူသေတယ်၊ ဒဏ်ရာရ တယ်ဆိုတာ မသိခဲ့ဘူး။ ကားမီးလောင် မယ် ထင်လို့ ပြေးထွက် ခဲ့တယ်” ဟု ယာဉ်၏ နောက်ဆုံးပိုင်းတွင် ထိုင်ခဲ့သူ ၄င်းက ရှင်းပြသည်။
“ဒရိုင်ဘာက ကားပြင် ရောက်နေတယ်။ စပယ်ယာက တံခါးကြားမှာ ညှပ်နေတယ်။ ကားအပြင်မှာ သံဃာတော် တစ်ပါး ခြေထောက်ပြတ် ဒဏ်ရာရနေတယ်” ဟု ဦးကျော်တင်က ဆက်လက် ရှင်းပြသည်။
ဒဏ်ရာရသူ များက ညည်းညူသံ၊ အော်ဟစ် အကူအညီ တောင်းသံများ တစ်စတစ်စ ပေါ်ထွက်လာခဲ့သည်။
“ဆွဲထူပေးပါ၊ ခြေမလှုပ်နိုင် တော့ဘူး၊ ကူပါ ကယ်ပါ အော်နေကြ တယ်” ဟု ခရီးသည် တစ်ဦးဖြစ်သူ ဦးကျော်သက် ချောက်ချားဖွယ် အဖြစ် အပျက်ကို ပြန်လည်ပြောဆိုသည်။

ဒဏ်ရာရရှိသူများကို ကယ်တင် ရန် နံနက် ၃နာရီခန့်မှ ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိ လာခဲ့သည်။
“နာရေးကူညီမှု အသင်း ပထမဆုံး ရောက်ပါတယ်”ဟု ယင်းအသင်းမှ အမှုဆောင် တစ်ဦးဖြစ်သူ ဦးသန်းလွင်စိုး က ဆိုသည်။ နောက်ပိုင်းတွင် အခြားလူမှု အဖွဲ့ အစည်းများ၊ ကြက်ခြေနီ၊ သက်ဆိုင်ရာ အာဏာပိုင်များ ဝင်ရောက် ကူညီခဲ့သည်။

ဒဏ်ရာရရှိသူ များကို ကယ်ဆယ် ရေးလုပ်ရန် အခင်းဖြစ်ပွားရာ နေရာ အနီးမှ စလူ ကျေးရွာကို အကူအညီ တောင်းခဲ့ကြောင်း၊ ယင်းကျေးရွာသား များ ယူဆောင်လာသော စောင်၊ ဓာတ်မီး၊ ဓားများကို အသုံးပြုကား ကယ်ဆယ်ရေးများကို လုပ်ဆောင်ခဲ့ရ ကြောင်း ၄င်းက ရှင်းပြသည်။
“ညက အရမ်းမှောင်တယ်။ ဝါးပင် တွေပေါတော့ လူတွေက သိပ်မဆင်းရဲ ကြဘူး။ လူ ၂၀နဲ့ ပထမဆုံး ဆင်းပြီး ကယ်ခဲ့တယ်”ဟု ဦးသန်းလွင်စိုးက ယင်းနေ့ အဖြစ်အပျက်ကို ပြောကြား သည်။
“တွေ့သမျှလူကို ကယ်ပြီး အပေါ် တင်တယ်။ အပေါ်ရောက်တဲ့ သူကို နာရေးကူညီမှု အသင်းက ကားလေးစီးနဲ့ ဆေးရုံပို့တယ်” ဟု စောင်ကို ထမ်းစင် လုပ်ကာ ကယ်ဆယ်ရေး လုပ်ခဲ့ပုံကို ၄င်းက ပြန်လည် ဖွင့်ဟသည်။

နောက်ပိုင်းတွင် အောင်သစ္စာ ယာဉ်များပါ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေး အားဖြည့်ခဲ့သည်။ ကယ်ဆယ်ရေးကို နံနက် ၃နာရီခန့်တွင် စတင်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် ဒဏ်ရာရသူ အားလုံးကို ကယ် တင်နိုင် ခဲ့ ကာ နံနက် ၁၁ နာရီတွင် ဆေးရုံ ပို့နိုင်ခဲ့ကြောင်း နာရေးကူညီမှု အသင်းထံမှ သိရှိရသည်။
ဒဏ်ရာရသူများကို အရေးပေါ် ဆေးကုသမှုများ ပေးခဲ့သော်လည်း အချို့မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခြင်း၊ တောင်ကုတ် ဆေးရုံ၌ ခွဲစိတ်ခန်းနှင့် အခြား ဆေးပစ္စည်းသုံး ကိရိယာများ မလုံ လောက်ခြင်းများကြောင့် လိုအပ်သည့် သက်ကယ် နည်းလမ်းများကို သုံးကာ သံတွဲခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ သို့ လွှဲပြောင်း ပေးခဲ့ကြောင်း တောင်ကုတ် မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးညွန့်ဦးက ဆိုသည်။

တောင်ကုတ် ပြည်သူ့ဆေးရုံမှာ ခုတင် ၅ဝ ဆံ့ပြီး ခွဲစိတ်ခန်း တစ်ခန်း ရှိကာ ဆရာဝန်သုံးဦးနှင့် သူနာပြု ၂၁ဦး ရှိသော်လည်း လိုအပ်သည့် မေ့ဆေး ပညာရှင်များနှင့် အထူးကု ဆရာဝန်ကြီး များမှာ သံတွဲပြည်သူ့ ဆေးရုံ၌သာ ရှိသော ကြောင့် အချို့ အတွင်းလူနာများကို သံတွဲ ပြည်သူ့ဆေးရုံသို့ ပို့သ ပေးခဲ့ကြောင်း ၄င်းကရှင်းပြသည်။
“တောင်ကုတ်ဆေးရုံမှာ သေဆုံး နိုင်လောက်အောင် ဒဏ်ရာပြင်းတဲ့လူနာ မရှိဘူး” ဟု ဆေးရုံအုပ်ကြီးက ထပ်မံ ပြောကြားသည်။

အဆိုပါ ယာဉ်သည် နေပူတောင် တောင်ကြော ၇မိုင် ၄ဖာလုံ အရောက် တွင် ထိုးကျ တိမ်းမှောက်ရာ ယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသား ခုနစ်ဦး၊ အမျိုး သမီး ခြောက်ဦး၊ ကလေး တစ်ဦး စုစု ပေါင်း ၁၄ဦး သေဆုံးခဲ့ပြီး သံဃာတော် သုံးပါး၊ အမျိုးသား ၂၆ဦး၊ အမျိုး သမီးလေးဦး စုစုပေါင်း ၃၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

သေဆုံးသူများမှာ သံတွဲမှ ခုနစ်ဦး၊ ပြည်မှ နှစ်ဦး၊ ရန်ကုန်မြို့ မြောက်ဥက္ကလာ ဝေဘာဂီမြို့သစ်မှ နှစ်ဦး၊ တောင်ကုတ် မှ နှစ်ဦး၊ သံတွဲမြို့နယ် ပန်းတောင်းမှ တစ်ဦးတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူ များအား ဆေးကုသမှု ပေးနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အခင်းဖြစ်သည့်နေ့ တွင်ပင် ငွေကျပ် ၁၀ သိန်းကို ပေးလှူခဲ့ကြောင်း တောင်ကုတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးတင့်လွင်က ပြောကြားသည်။

ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင် ကာ ချောက်ထဲ ထိုးကျသည်ဟု ဆိုသော် လည်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်မြစိန်ကမူ “ကားက ဂငယ်ကွေ့ မကွေ့ဘဲ ဆင်းသွားတဲ့ ပုံသဏ္ဌာန်မျိုး တွေ့ရတယ်” ဟုမှတ်ချက်ပေးပြီး ဖြစ်စဉ် အကြောင်းအရင်းကို အသေအချာ သိရှိ ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွား မည်ဟု ပြောကြားသည်။

အဆိုပါ ယာဉ်ချောက်ထဲ ထိုးကျမှု ဖြစ်ပွားစဉ် ယာဉ်ကို အရန် ယာဉ်မောင်းက မောင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဓိကယာဉ် မောင်းမှာ ခါးကျိုး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ယာဉ်လိုင်း ထံမှ သိရသည်။ ဒဏ်ရာရရှိသူများ အနက် လူ ၁၀ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး တောင်ကုတ်နှင့် သံတွဲ ဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေကြောင်း ယာဉ်လိုင်း ပိုင်ရှင် ဦးစောရွှေက ပြောကြားသည်။
အဆိုပါ ယာဉ်ထိုးကျမှု တွင် သေဆုံး သူများအနက် အသက်ရှူ လမ်းကြောင်း ပိတ်၍ သေဆုံးသူ နှစ်ဦးပါကြောင်း တောင်ကုတ်မြို့ ပြည့်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြု ပြောကြားသည်။
“ဒဏ်ရာရတဲ့ သူတွေအတွက် လိုလေသေး မရှိအောင် လုပ်ထားပါ တယ်” ဟု အောင်သစ္စာ ယာဉ်လိုင်းပိုင်ရှင် ဦးစောရွှေက ပြောကြားသော်လည်း တောင်ကုတ် ဆေးရုံတွင် ကုသနေသော ခရီးသည် တစ်ဦးဖြစ်သော ဦးကျော်တင် ၏ ယောက်ဖ တော်စပ်သူ ဦးစိုးမင်းကမူ ကျပ်ငွေ ငါးထောင်နှင့် မုန့်အချို့ထက် ပို၍ ကူညီထောက်ပံ့မှုများ မရှိသေး ကြောင်း ဇန်နဝါရီ ၂၄ရက်နေ့တွင် ဖွင့်ဟ ပြောဆိုသည်။

သေဆုံးသူ တစ်ဦးစီ၏ မိသားစု များကို အလှူငွေအဖြစ် ကျပ်နှစ်သိန်း ပေးလှူ ထားပြီးဖြစ်ပြီး နစ်နာမှုများ အတွက် ပြေပြေလည်လည် ညှိနှိုင်းထား ပြီးဖြစ်ကြောင်း၊ ဒဏ်ရာရသူများ အနက် ရန်ကုန် ပြန်လိုသူများကို လေကြောင်း ဖြင့် ပို့ဆောင် ပေးနေကြောင်း ၄င်းက ဇန်နဝါရီလ ၂၄ရက်နေ့ ညနေ ၇ နာရီ ကျော်တွင် The Voice Weekly သို့ ရှင်းပြသည်။

ဦးကျော်တင်အတွက် နေပူတောင် မတော်တဆမှု သည် ဒုတိယအကြိမ် မြောက် ဖြစ်သည်။ လွန်ခဲ့သော သုံးလက မာန်အောင်မြို့၌ ဆိုင်ကယ်နှင့် သုံးဘီး တိုက်ခဲ့၍ ခြေချောင်းသုံးချောင်း ဖြတ်ခဲ့ရပြီး ယင်းဒဏ်ရာ ကုသရန် ရန်ကုန်သို့ သွားရောက် ဆေးကုသပြီး အပြန်တွင် ယခုကဲ့သို့ ဒုတိယအကြိမ် မြောက် မတော်တဆမှု ထပ်မံဖြစ်ပွားခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။
ယခုတစ်ကြိမ် နေပူတောင် မတော်တဆမှုကြောင့် ဘယ်ဘက် လက်မောင်းတွင် ညှပ်ရိုးကျိုးဒဏ်ရာ ရရှိခဲ့သည့်အပြင် လက်ဖျံရိုး လည်းကျိုး ခဲ့သည်။

ယာဉ်ပေါ်၌ လူဦးရေ ၄၇ဦးပါရှိ သည့်အနက် ၁၄ ဦး ဆုံးပါးကာ ၃၃ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ခုနစ်နာရီ ဝန်းကျင်ကြာ ပုံမှန်မောင်းနှင် ဖြတ်ကျော် ရသော ရခိုင်ရိုးမ နေပူတောင်ကွေ့က ယာဉ်မောင်းများကို ယခုအဖြစ် အပျက် ဖြင့် ထပ်ဆင့် သတိပေးလိုက်သည်။ ယာဉ်မောင်း များလည်း သတိကပ်ရင်း ဆက်မောင်းရဦးမည်။ ရွေးချယ်စရာ များများစားစား မရှိသော ဦးကျော်တင် အတွက်လည်း ထိုလမ်းက ထပ်မံဖြတ်သန်း နေရဦးမည်။
“ကျွန်တော် အရမ်းကံဆိုးတာပဲ ဗျာ” ဟု ၄င်းက ဝမ်းနည်းစိတ်ပျက် နေသော အမူအရာဖြင့်

No comments:

Post a Comment