Saturday, January 26, 2013

ရိုက်နှက်ဆုံးမသဖြင့် မြန်မာ ကျောင်းဆရာမကို ထောင်ဒဏ် ချမှတ်

ရိုက်နှက်ဆုံးမသဖြင့် မြန်မာ ကျောင်းဆရာမကို ထောင်ဒဏ် ချမှတ်
 Written by Editor 

ဆရာမဖြစ်သူသည် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၃ ကို ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ငွေဒဏ် တစ်ထောင်ကျပ်ပေး ဆောင်စေ၊ မဆောင်က ထောင်ဒဏ်တစ်လ ကျခံစေရန် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံး က ဇန်န၀ါရီလ (၃) ရက်နေ့က ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အမှုမှာ ၁၃-၉-၂၀၁၂ နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန် ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်နေ ဦးထွန်းတင်၏ မြေး ဖြစ်သူသည် ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်ရှိ၊ အခြေခံပညာ မူလ တန်းကျောင်းမှ သူငယ်တန်း ကျောင်းသားဖြစ်ပြီးကျောင်းမှ ပြန်လာရာ ၎င်းင်း၏ ၀ဲဘက် ခြေ သလုံးနှင့်၊ ယာဘက်ခြေသလုံးတွင် ဖူးရောင် ဒဏ်ရာ ၂ ချက်စီ ရရှိထားသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာ အတန်းပိုင် ဆရာမက ၀ါးခြမ်းပြားဖြင့် ရိုက်၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ဆရာမကို အရေးယူပေးပါရန် ဦးထွန်းတင် က ရုံးတော်သို့ ဦးတိုက်လျှောက်ထားရာမှ ပေါ် ပေါက်လာသော အမှုဖြစ်ကြောင်း သိရသည်။

ဆရာမဘက်က ဆုံးမ သည့်အနေဖြင့် ရိုက်နှက်ခြင်း ဖြစ်သဖြင့် အပြစ်မရှိကြောင်း ထုချေထားသည်ကို တွေ့ရမည်။ သို့သော် ဆရာမဘက်က ထိုသို့ ရိုက်နှက်ပြီး ဆုံးမနိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်သည်ကို မတွေ့ရပေ၊ တစ်နည်းအားဖြင့် ကျောင်းသား ဖြစ်သူကို ဆရာဖြစ်သူက ရိုက်နှက် ဆုံးမခြင်း မပြုနိုင်သည်မှာ မြင်သာကြောင်း၊ ဆရာနှင့်တပည့် ကြားတွင် စာမရ၍ သော်လည်းကောင်း၊ ရန်ဖြစ်၍သော်လည်း ကောင်း ရိုက်နှက်ဆုံးမသည့် အစဉ်အလာများ ရှိခဲ့ဖူးသည်မှာ အငြင်းမပွားသော်လည်း စနစ် အခြေအနေများ ပြောင်းလဲလာသဖြင့် ယင်းပြောင်းလဲမှုနှင့်အညီ လိုက်နာဆောင် ရွက်သင့်သည်ကို လည်း အလေး ဂရုပြုသင့်ကြောင်း၊ တရားသူကြီး၏ အမိန့် ချမှတ်ရာတွင် ထည့်သွင်း ဖော်ပြထားသည်။ ဆရာမသည် အသက် ၅၂ နှစ်အရွယ်ရှိနေသူဖြစ်ပြီး လုပ် သက်အားဖြင့် (၃၁) နှစ်ရှိသူ ဆရာမတစ်ဦးဖြစ်ခြင်း၊ ယခင်က အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက် မှုမရှိခြင်း၊ အမှုတွဲတွင် ပေါ်ပေါက်နေသောပြစ်မှု ကျူးလွန်သည့် ပမာဏအတိမ်အနက် အလေး အပေါ့တို့ကို ထည့်သွင်းစဉ်းစားကာ ပြစ်မှုထင်ရှားသဖြင့် အထက် ပါအတိုင်း အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားရုံးစီရင်ချက် တွင် ဖော်ပြထားကြောင်း သိရသည်။

ဝင်းမြင့်ထွန်း(တောင်ဥက္ကလာ) 

Hot News

Written by Editor

ဆရာမဖြစ်သူသည် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၃ ကို ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ငွေဒဏ် တစ်ထောင်ကျပ်ပေး ဆောင်စေ၊ မဆောင်က ထောင်ဒဏ်တစ်လ ကျခံစေရန် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံး က ဇန်န၀ါရီလ (၃) ရက်နေ့က ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အမှုမှာ ၁၃-၉-၂၀၁၂ နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန် ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်နေ ဦးထွန်းတင်၏ မြေး ဖြစ်သူသည် ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်ရှိ၊ အခြေခံပညာ မူလ တန်းကျောင်းမှ သူငယ်တန်း ကျောင်းသားဖြစ်ပြီးကျောင်းမှ ပြန်လာရာ ၎င်းင်း၏ ၀ဲဘက် ခြေ သလုံးနှင့်၊ ယာဘက်ခြေသလုံးတွင် ဖူးရောင် ဒဏ်ရာ ၂ ချက်စီ ရရှိထားသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာ အတန်းပိုင် ဆရာမက ၀ါးခြမ်းပြားဖြင့် ရိုက်၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ဆရာမကို အရေးယူပေးပါရန် ဦးထွန်းတင် က ရုံးတော်သို့ ဦးတိုက်လျှောက်ထားရာမှ ပေါ် ပေါက်လာသော အမှုဖြစ်ကြောင်း သိရသည်။

ဆရာမဘက်က ဆုံးမ သည့်အနေဖြင့် ရိုက်နှက်ခြင်း ဖြစ်သဖြင့် အပြစ်မရှိကြောင်း ထုချေထားသည် ကို တွေ့ရမည်။ သို့သော် ဆရာမဘက်က ထိုသို့ ရိုက်နှက်ပြီး ဆုံးမနိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်သည်ကို မတွေ့ရပေ၊ တစ်နည်းအားဖြင့် ကျောင်းသား ဖြစ်သူကို ဆရာဖြစ်သူက ရိုက်နှက် ဆုံးမခြင်း မပြုနိုင်သည်မှာ မြင်သာကြောင်း၊ ဆရာနှင့်တပည့် ကြားတွင် စာမရ၍ သော်လည်းကောင်း၊ ရန်ဖြစ်၍သော်လည်း ကောင်း ရိုက်နှက်ဆုံးမသည့် အစဉ်အလာများ ရှိခဲ့ဖူးသည်မှာ အငြင်းမပွားသော်လည်း စနစ် အခြေအနေများ ပြောင်းလဲလာသဖြင့် ယင်းပြောင်းလဲမှုနှင့် အညီ လိုက်နာဆောင် ရွက်သင့်သည်ကို လည်း အလေး ဂရုပြုသင့်ကြောင်း၊ တရားသူကြီး၏ အမိန့် ချမှတ်ရာတွင် ထည့်သွင်း ဖော်ပြထားသည်။ ဆရာမသည် အသက် ၅၂ နှစ်အရွယ်ရှိနေသူဖြစ်ပြီး လုပ် သက်အားဖြင့် (၃၁) နှစ်ရှိသူ ဆရာမတစ်ဦးဖြစ်ခြင်း၊ ယခင်က အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက် မှုမရှိခြင်း၊ အမှုတွဲတွင် ပေါ်ပေါက်နေသောပြစ်မှု ကျူးလွန်သည့် ပမာဏအတိမ်အနက် အလေး အပေါ့တို့ကို ထည့်သွင်းစဉ်းစားကာ ပြစ်မှုထင်ရှားသဖြင့် အထက် ပါအတိုင်း အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားရုံးစီရင်ချက် တွင် ဖော်ပြထားကြောင်း သိရသည်။

ဝင်းမြင့်ထွန်း(တောင်ဥက္ကလာ)

Hot News

No comments:

Post a Comment